မော်လိုက်မြို့ အရှေ့တောင်ဘက်တွင် အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
November 15, 2020

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက်မှာ မနေ့ညနေက အင်အား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၂၀ မိနစ်၊ ၂၆ စက္ကန့်အချိန်က မော်လိုက်မြို့ရဲ့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၅၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၀ ဒီဂရီ၊ အနက် ၉၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။











