DVB Logo
Home
မြန်မာသတင်း
နာမည်ကြီး ရုပ်သံစီးရီးစ် Emily in Paris အပိုင်း ၂ ဆက်လက်ရိုက်ကူးမည် (ရုပ်သံ)
DVB
·
November 14, 2020
နာမည်ကြီး ရုပ်သံစီးရီးစ် Emily in Paris အပိုင်း ၂ ဆက်လက်ရိုက်ကူးမည် (ရုပ်သံ)
Donate to DVB

Season 1 အနေနဲ့ ထွက်ရှိခဲ့အပြီး ပရိသတ်တွေ နှစ်ခြိုက်အားပေးခဲ့ကြတဲ့ နာမည်ကြီး ရုပ်သံစီးရီးစ် Emily in Paris အပိုင်း ၂ ကို ဆက်လက်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

ဗြိတိန်-အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီးတလက် ဖြစ်တဲ့ Lily Collins ခေါင်းဆောင် ပါဝင်ထားတဲ့ ရုပ်သံစီးရီးစ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းက စတင်ပြီး Netflix ကနေတဆင့် ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

ဒရာမာဇာတ်မြူး ရုပ်သံဇာတ်လမ်းအနေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်သံစီးရီးစ်ကိုတော့ Beverly Hills, 90210 (1990–2000) ၊ Melrose Place (1992–1999) ၊ Sex and the City (1998–2004) နဲ့ ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်ထိ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ Younger (2015–present) ရုပ်သံစီးရီးစ်တွေနဲ့ လူသိများတဲ့ အမေရိကန်ဒါရိုက်တာ Darren Star က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ အသက် ၂၀ ဝန်းကျင် အမေရိကန်သူ Emily တယောက် အလုပ်အကိုင်အခွင့်အလမ်းတခုအတွက် ပြင်သစ်ပြည်ကို ရောက်ရှိချိန်မှာ ကြုံရမယ့် ယဉ် ကျေးမှုချင်း တိုးတိုက်မှုတွေ၊ မတူညီတဲ့ဘာသာစကားတွေနဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တခုမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် အချစ်၊ ဟာသ၊ ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံ ဖော်ထားတာ ဖြစ်ပါတယ်။

ဒီစီးရီးစ်ထဲမှာတော့ Lily Collins နဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ashley Park ၊ Philippine Leroy-Beaulieu ၊ Lucas Bravo ၊ Samuel Arnold ၊ Camille Razat နဲ့ Bruno Gouery တို့ကလည်း ပါဝင်ထားကြပါတယ်။

အပိုင်းတပိုင်းကို မိနစ် ၃၀ နဲ့ ဒီရုပ်သံစီးရီးစ်ကိုတော့ အပိုင်း ၁၀ ပိုင်းခွဲပြသခဲ့ပြီး ပရိသတ်တွေ အားပေးမှု ရရှိခဲ့တဲ့ စီးရီးစ်တခုဖြစ်ခဲ့ပြီး အဓိကဇာတ်ဆောင်မင်းသမီး Lily Collins ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ချီးကျူးမှုတွေ ရရှိခဲ့တဲ့ စီးရီးစ်တခုလည်း ဖြစ်ခဲ့ပါတယ်။

IMDb မှာလည်း Rating ကောင်းကောင်း ရရှိခဲ့တဲ့ Emily in Paris ရုပ်သံစီးရီးစ်ရဲ့ နောက်ဆက်တွဲအပိုင်း ၂ ထဲမှာ ဘယ်သူတွေပါဝင်လာမလဲဆိုတာကိုလည်း ပရိသတ်တွေက သိချင်နေကြပြီး Netflix ကတော့ Lily Collins နဲ့အတူ Philippine Leroy ၊ Ashley Park ၊ Lucas Bravo ၊ Samuel Arnold ၊ Bruno Gouery ၊Camille Razat ၊William Abadie တို့ ပြန်လည်ပါဝင်လာမယ့်လို့ မျှော်လင့်ရကြောင်း ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ အလှအပတွေနဲ့ ထပ်မံထွက်ရှိလာမယ့် အပိုင်း ၂ မှာတော့ ဘယ်လိုဇာတ်လမ်းဇာတ်ကွက်တွေ ထပ်မံပြီးတော့ ပါဝင်လာဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

လတ်တလောမှာတော့ Emily in Paris ရုပ်သံစီးရီးစ် အပိုင်း ၂ ဟာ လာမယ့် ၂၀၂၁ နှစ်ဦးပိုင်း၊ ဒါမှမဟုတ် ၂၀၂၂ ခုနှစ် အစောပိုင်း မတိုင်ခင်လောက် ထုတ်လွှင့်ပြသနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013