DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဒဂုံဧကရီအငြိမ့်ဖျော်ဖြေပွဲ တိုက်ရိုက်လွှင့်မည်
DVB
·
November 14, 2020
ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဒဂုံဧကရီအငြိမ့်ဖျော်ဖြေပွဲ တိုက်ရိုက်လွှင့်မည်
Donate to DVB

အခုနှစ်မှာ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဂုဏ် ပြုဖျော်ဖြေပွဲအနေနဲ့ ဒဂုံဧကရီအငြိမ့်ဖျော်ဖြေပွဲကို ထုတ်လွှင့်ပြသသွားဖို့ ရှိနေပါတယ်။

ဒီအငြိမ့်အဖွဲ့ကတော့ ဒဂုံတက္ကသိုလ်အနုပညာအသင်းက မွေးဖွားလာတာဖြစ်ပြီး တက္ကသိုလ် ကျောင်းသားကျောင်းသူတွေဖြစ်ကြတဲ့ မင်းသမီး ထက်ရတီလွင်နဲ့အတူ လူရွှင်တော် ချစ်ယုံ၊ ပါဂျဲ၊ ဝမ်းဝမ်း၊ ဓာတ်ဘူးတို့က စတားဗိုလ်လှိုင်းဆိုင်းအဖွဲ့နဲ့အတူ တင်ဆက်ဖျော်ဖြေသွားကြမှာ ဖြစ်ပါ တယ်။

ဒီဖျော်ဖြေပွဲကိုတော့ ဒီကနေ့ည ၉ နာရီအချိန်မှာ မြန်မာ့ရုပ်မြင်သံကြားကနေ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ပြသသွားမှာဖြစ်ကာ MRTV Facebook Page မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တဲ့  ရန်ကုန် တက္ကသိုလ်ဟာ အခုလာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ဆိုရင် နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

နှစ် ၅၀ ပြည့် ရွှေရတု၊ ၇၅ နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားတွေကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပေမယ့် အခုနှစ်မှာ ကျရောက်တဲ့ ရာပြည့်သဘင်ကတော့ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်မို့ နှောင့်နှေးခဲ့ရတာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ စစ်ကြိုခေတ်နဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေက ပညာ ရေးကဏ္ဍမှာ အရှေ့တောင်အာရှမှာသာမက အာရှအဆင့်မှာပါ ထိပ်တန်းက ရပ်တည်နိုင် ခဲ့တာမို့ ရန်ကုန်တက္ကသိုလ်မှာ တခြားအာရှနိုင်ငံတွေက ကျောင်းသူ၊ ကျောင်းသားတွေ လာရောက်ပြီးတော့ ပညာဆည်းပူးခဲ့ကြရတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့အနေနဲ့ ရန်ကုန် တက္ကသိုလ်ကို ဒီကနေ့အချိန်အခါမှာ ကမ္ဘာပေါ်မှာ အကောင်းဆုံးတက္ကသိုလ်တခု ပြန်လည် ဖြစ်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးသမိုင်းကြောင်း၊ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်း အနား တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကစတင်ကာ ၂၀၂၀ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပဖို့ ကြေညာထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တက္ကသိုလ်တွေ၊ အခြေခံပညာကျောင်းတွေနဲ့အတူ စီးပွားရေးလုပ်ငန်း တချို့ကိုပါ ပိတ်ပင်ထားခဲ့ရတာမို့ ရာပြည့်သဘင်မှာ ကျင်းပသွားဖို့ရှိနေတဲ့ အထိမ်းအမှတ် စာစောင်ထုတ်ဝေတာတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပြင်ပပညာရှင်တွေ၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့ ဟောပြောပွဲတွေ၊ စာပေဂီတ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုဆိုင်ရာ ပြပွဲပြိုင်ပွဲတွေ၊ ပဒေသာကပွဲတွေ၊ ဈေးရောင်းပွဲတော်တွေ အပါအဝင် အခမ်းအနားအားလုံးကို ဘာမှမလုပ်နိုင်ခဲ့ဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013