DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာ ၁၃ ရက်အထိစာရင်းအရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၉၁၂ ဦး အနိုင်ရထား
DVB
·
November 14, 2020
နိုဝင်ဘာ ၁၃ ရက်အထိစာရင်းအရ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၉၁၂ ဦး အနိုင်ရထား
Donate to DVB

မနေ့ကအထိ ထုတ်ပြန်ခဲ့တဲ့ရလဒ်တွေအရ အန်အယ်လ်ဒီပါတီဟာ ကိုယ်စားလှယ် ၉၁၂ ယောက်အနိုင်ရထားလို့ အများဆုံးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက ၆၆ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

အန်အယ်လ်ဒီဟာ ပြည်သူ့လွှတ်တော်အတွက် ၂၅၈ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၁၃၈ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် အယောက် ၅၀၀၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁၆ ယောက် အနိုင်ရထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် ၂၄ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၆ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေအတွက် ၃၆ ယောက် အနိုင်ရထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တိုင်းရင်းသားပါတီတွေထဲမှာ အများဆုံးအနိုင်ရတဲ့ ပါတီဖြစ်ပြီး ပြည်သူ့ လွှတ်တော်အတွက် ၁၃ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၂ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် ၂၇ ယောက်အနိုင်ရထားပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့ လွှတ်တော်အတွက် ၄ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၄ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၇ ယောက်အနိုင်ရခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီက ပြည်သူ့ လွှတ်တော်အတွက် ၂ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၃ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၆ ယောက်နဲ့ တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ၁ ယောက် အနိုင်ရထားပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော်အတွက် ၃ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၇ ယောက် အနိုင်ရထားပါတယ်။

တအာင်း(ပလောင်) အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၂ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၇ ယောက်အနိုင်ရပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကတော့ ပြည်သူ့လွှတ်တော်အတွက် ၂ ယောက်၊ အမျိုးသားလွှတ်တော်အတွက် ၃ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၃ ယောက် အနိုင်ရပါတယ်။

ရခိုင့်ဦးဆောင်ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်အတွက် ၂ ယောက် အနိုင်ရပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီက ပြည်သူ့ လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၃ ယောက်အနိုင်ရပါတယ်။

ဝ အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၂ ယောက် အနိုင်ရပါတယ်။

ဒီမိုကရေစီပါတီသစ်(ကချင်)က အမျိုးသားလွှတ်တော်အတွက် ၁ ယောက်၊ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၁ ယောက်အနိုင်ရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတက် ၁ ယောက်စီ အနိုင်ရကြပါတယ်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော်အတွက် ၁ ယောက်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်အတွက် ၁ ယောက်အနိုင်ရပါတယ်။

ဒါ့အပြင် တသီးပုဂ္ဂလဝင်ပြိုင်ခဲ့သူ ၃ ယောက်ဟာလည်း တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာ ၂ ယောက်၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ၁ ယောက် အနိုင်ရထားပါတယ်။

မနေ့ကအထိ စာရင်းတွေအရ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၁၃ ယောက်၊ အမျိုးသားလွှတ်တော်အတွက် အယောက် ၁၆၀၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေအတွက် ၆၀၈ ယောက်၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ၁၈ ယောက်ကို အတည်ပြုပြီး ဖြစ်ပါတယ်။

ထုတ်ပြန်ဖို့ကျန်သေးတာကတော့ ကချင်ပြည်နယ်မှာ ပြည်သူ့လွှတ်တော်အတွက် ခေါင်လန်ဖူးနဲ့ နောင်မွန်း၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် ၁၊ တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ကချင်ပြည်နယ်မှာ ခေါင်လန်ဖူး မဲဆန္ဒနယ် ၁ နဲ့ ၂၊ တိုင်းရင်းသားလူမျိုးများ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ကချင်ပြည်နယ်က ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ လီဆူးတိုင်းရင်းသား လူမျိုး မဲဆန္ဒနယ်၊  ရဝမ်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် တို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013