DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ပြည်သူ့ဆေးရုံကို ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်
DVB
·
November 14, 2020
မကွေးတိုင်း ပြည်သူ့ဆေးရုံကို ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်
1 / 2
Donate to DVB

မကွေးတိုင်းပြည်သူ့ဆေးရုံကို ခုတင် ၂၀၀ ဆံ့ကနေ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်လိုက်ပြီလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက “မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးဟာ မြို့တော် မကွေးအပြင် ဘေးပတ်လည်မြို့နယ်တွေက အားကိုးတဲ့အတွက် လူနာတွေရဲ့ ဝင်ဆံ့တဲ့ ကိန်းဂဏန်းတွေပြည့်စုံတာကြောင့် တောင်းဆိုခဲ့လို့ ပြည်ထောင်စုအစိုးရက ခုတင် ၅၀၀ ဆံ့ဆေးရုံအဖြစ် ချထားပေးတာ” လို့  ပြောပါတယ်။

ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်လိုက်တာကြောင့် ဆရာဝန်၊ ဆရာမ ဦးရေနဲ့ အထူးကုဆရာဝန်ကြီးတွေ တိုးလာတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေပေးနိုင်မှာ ဖြစ်တာကြောင့် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးက ဆိုပါတယ်။

မကွေးတိုင်း ပြည်သူ့ဆေးရုံဟာ တိုင်းဒေသကြီးတခုလုံးအပြင် ချင်းပြည်နယ်နဲ့ ပဲခူတိုင်းဒေသကြီးကပါ အားကိုးရတဲ့ဆေးရုံဖြစ်တယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက ပြောပါတယ်။

“ခုတင် ၂၀၀ ဆေးရုံတုန်းကတော့ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်သာရှိပြီး ခုတင် ၅၀၀ အဆင့်မြှင့်တင်လိုက်တဲ့အတွက် ဝန်ထမ်း ၉၀၀ ကျော်ထိ ထားရှိမှာဖြစ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ကုသမှုတွေ ပေးနိုင်မှာပါ။”

အဲဒီလို အဆင့်မြှင့်တင်ရာမှာ ဂျပန်နိုင်ငံ JICA အဖွဲ့ရဲ့ အကူအညီတွေနဲ့ ၅ ထပ်ဆောင် ဆေးရုံကြီးတွေ၊ သွားဖွားမီးယပ်၊ ခွဲစိတ်ဆောင်တွေအပြင် အဆောက်အအုံသစ်တွေ တိုးချဲ့ ဆောက်လုပ်ထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကို မကွေးမြို့က ပဲခွဲစက်လုပ်ငန်းရှင်တွေ စုပေါင်းပြီး လူနာတင်ခုတင် ၆၃ လုံးနဲ့ ကျန်းမာရေးအသုံးအဆောင်ပစ္စည်းတွေ သိန်း ၈၀ ကျော်ဖိုး လှူဒါန်းခဲ့တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်အသင်းအဖွဲ့ဝင် ဦးထွန်းဝေက ပြောပါတယ်။



သတင်း-မင်းထီး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013