DVB Logo
Home
မြန်မာသတင်း
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လက်ရှိလွှတ်တော်အမတ်အများစုနိုင်
DVB
·
November 13, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လက်ရှိလွှတ်တော်အမတ်အများစုနိုင်
Donate to DVB

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒေသဦးစီးဥက္ကဋ္ဌအပါအဝင် လွှတ်တော်အမတ်အများစုက ၂၀၂၀ ရွေးကောက်ပွဲမှာ နောက် တကြိမ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတယ်လို့  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်ထံက သိရပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမှတ် ၉ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာမှာ လက်ရှိအမတ် ဒေါ်မမလေးဟာ ၅၄,၂၃၁ မဲနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း လက်ရှိရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ  ဦးစဝ်အောင်မြတ်ကို အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ‌နေရာမှာ လက်ရှိအမတ် ဦးအောင်စိုးမင်းက ၂၄,၄၁၇ မဲနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိခဲ့ပါတယ်။

ပင်းတယ အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာ လက်ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက ၁၄၂၄၇ မဲနဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းကို အနိုင်ရရှိပါတယ်။

ရွာငံမြို့နယ်  ပြည်သူ့လွှတ်တော်နေရာအတွက် လက်ရှိအမတ် ဦးအောင်စိုးမင်းက ၂၄,၄၁၇ မဲနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းကိုအနိုင်ရရှိခဲ့သလို၊ အမှတ် ၁ ပြည်နယ်လွှတ်တော်နေရာမှာလည်း လက်ရှိအမတ် ဦးအေးမင်းစိုးက ၁၂,၃၁၀ မဲနဲ့နိုင်ကာ၊ အမှတ် ၂ ပြည်နယ်လွှတ်တော်နေရာမှာ လူသစ်ဦးစိုင်းဝဏ္ဏက ၁၁,၉၁၄ မဲနဲ့အနိုင်ရပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၁၂၃,၁၂၄ ဦးရှိပြီး၊ ၁၁၀,၀၀၀ လောက် မဲပေးခဲ့ကြပါတယ်။ ဒီဒေသမှာ  အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေး ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဓနုအမျိုးသားဒီမိုကရေစီပါတီ၊ ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ အပါအဝင် ပါတီပေါင်း ၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

သတင်း - နန်းစပယ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013