DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ ဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 13, 2020
ချမ်းမြသာစည်မြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ ဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ  မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ တစ်ဦး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ဆေးစစ်ချက်အရ ကိုဗစ်-၁၉  ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာကြောင့် သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတာဝန်ကျသူ ၂၁ ဦးနဲ့ ရပ်ကွက် အတွင်း ထိစပ်ထားသူ ၉ ဦးကို ပုသိမ်ကြီးမြို့ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဆရာမဟာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၉၀၂) သီတာအေး မြောက်ရပ်၊ မဲရုံအမှတ် ၁ မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက အဖျားရှိခဲ့ပေမယ့် မဲရုံတာဝန်ထမ်းဆောင်ခဲ့ရပြီးတဲ့နောက် နိုဝင်ဘာ ၁၁ ရက် နေ့မှာ အနံ့ပျောက်တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး Fever Clinicကို ပို့ဆောင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်း ပို့ဆောင်ပေးခဲ့ သူတွေက ပြောပါတယ်။

ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးလှိုင်က"အဲ့ဆရာမကတော့ ဘယ်သူနဲ့ထိစပ်တယ်မသိရဘူး၊ သူက မဲမပေးခင်တုန်းက နေမကောင်းချင်သလို ဖြစ်နေတယ် ပေါ့နော်။ ဖြစ်နေပြီးတဲ့ခါကျတော့ နောက်ကျတော့သူက မဲရုံမှာလုပ်လိုက်သေးတယ်။ အဲ့လို လုပ်လိုက်ပြီးတဲ့နောက်ကျတော့ အဲ့မှာ အနံ့ပျောက်လာတယ်ဆိုတာနဲ့ သူ့ကို ပြည်သူ့ဆေးရုံကြီးကို ပို့ရတာလေ၊ ပို့လိုက်တဲ့ခါကျတော့ အဲ့မှာကျမှ ပေါ့စတစ်ထွက်လာတာ"လို့ပြောပါတယ်။

ပိုးတွေ့သူရဲ့ နေအိမ်နဲ့ ရပ်ကွက်အတွင်းကိုလည်း ပရဟိတလူမှုကူညီရေးအသင်းတွေက  ကိုဗစ်-၁၉ ‌ရောဂါပိုးသတ်ဆေးဖျန်းတာ‌တွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ 

မန္တလေးမြို့မှာ နို၀င်ဘာ ၁၂ ရက်နေ့ အထိ ပိုးတွေ့လူနာ ၂,၈၀၀ လောက်အထိ ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၈ ဦး ရှိပြီ ဖြစ်ပါတယ်။

သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013