
စပိန်လက်ရွေးစင် ကွင်းလယ်လူ အလက်ဇီယာ ပူတဲလက်စ်ဟာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို ၃ ကြိမ်မြောက်အဖြစ် ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ပူတဲလက်စ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလား ၄ လုံးကို ရယူနိုင်ခဲ့တာပါ။
ဒီအောင်မြင်မှုကြောင့် စပိန်နိုင်ငံဟာ ဘလွန်းဒီအော်ဆုကို ၆ နှစ် ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပူတဲလက်စ်ကလည်း စံချိန်တင်အောင်မြင်မှုကို ပိုင်ဆိုင်ခဲ့ ပါတယ်။
ပူတဲလက်စ်ဟာ ၂၀၂၂ ခုနှစ်က ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အခုလို ကမ္ဘာ့အကောင်းဆုံးဆုကို ပြန်လည်ရရှိခဲ့တာပါ။
သူက ကလေးငယ်တွေအနေနဲ့ ဘောလုံးကို ချစ်မြတ်နိုးရင် ဘယ်သူ့စကားကိုမှ နားမထောင်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားဖို တိုက်တွန်းခဲ့ပါတယ်။
လက်ရှိမှာတော့ ပူတဲလက်စ်ဟာ အင်္ဂလန်ကလပ် လန်ဒန်စီးတီး လိုင်ယွန်နက်စ်အသင်းမှာ ပြောင်းရွှေ့ ကစားနေတာ ဖြစ်ပါတယ်။
Photo:Reuters











