DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ဝိုင်းဖွဲ့မူးယစ်ဆေးသုံး ပျော်ပါးနေသော မြန်မာလူငယ် ၁၁ ဦး ဖမ်းဆီးခံရ 
DVB
·
August 3, 2026
Photo: Thai Press
Photo: Thai Press
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် ဝမ်းထောင်းလန်နယ်မြေထဲမှာ ဝိုင်းဖွဲ့ပြီးမူးယစ်ဆေးဝါး သုံးစွဲပျော်ပါးနေတဲ့ မြန်မာလူကုံထံ လူငယ် ၁၁ ယောက် ဖမ်းဆီးခံရပြီး အဲဒီထဲက အသက် ၁၈ နှစ်အောက် ကလေးတယောက်ပါ ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဝမ်းထောင်းလန်နယ်မြေ ဖလပ်ဖလာရက်ကွက် ပရဒစ်မနွန်းထမ်းလမ်းထဲက ဆိုင်တဆိုင်မှာ အရက်ရောင်းပြီး ဝိုင်းဖွဲ့ဆူညံသောင်းကျန်းနေကြောင်း တိုင်ကြားချက်ရတာကြောင့် ဝမ်းထောင်းလန် နယ်မြေရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို ဩဂုတ် ၂ ရက် မနက် ၁ နာရီခွဲချိန်က သွားရောက်စစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါဆိုင်ထဲ ဝင်ရောက်သွားချိန်မှာ မူးယစ်ဆေးဝါးအနံ့နဲ့ ဆေးလိပ်မီးခိုးတွေ မွှန်နေတာကြောင့် လူတွေကိုတွေ သဲသဲကွဲကွဲ မမြင်ရဘူး။ ကျယ်လောင်တဲ့ သီချင်းသံအောက်မှာ လူတွေ မူးယစ်ကခုန်နေကြတယ်၊ တာဝန်ရှိသူတွေ ရောက်ရှိနေတာကိုတောင် သတိမမူနိုင်ဘူးလို့ ဆိုပါတယ်။ 

စစ်ဆေးချက်အရ အဆိုပါနေရာကနေ ခေတာမင် လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါး အဆင့်-၂ အလေးချိန်  သုည ဒဿမ ၅၈၃ ဂရမ်နဲ့ မြန်မာအမျိုးသားရော၊ အမျိုးသမီးပါ လူငယ် ၁၁ ယောက်၊ ဆိုင်ပိုင်ရှင် ထိုင်းနိုင်ငံသား ၁ ယောက် ဖမ်းဆီးရမိတယ်။ မြန်မာလူငယ်ထဲက တယောက်ဟာဆိုရင် အသက် ၁၈ နှစ်တောင်မပြည့်သေးဘူး၊ တချို့က နိုင်ငံကူးလက်မှတ် မဆောင်ထားဘူးလို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်ရေးရာဇဝင်၊ ခရီးသွားရာဇဝင်တွေ ဆက်လက်စစ်ဆေးပြီး မူးယစ်ဆေးသုံးစွဲမှုနဲ့ အရေးယူဖို့ ဝမ်ထောင်းလန်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ 

ဆိုင်ရှင် ထိုင်းအမျိုးသားကတော့ ခွင့်ပြုချက်မရဘဲ ဖျော်ဖြေရေးဆိုင်ဖွင့်လှစ်မှု၊ အချိန်လွန်ဆိုင်ဖွင့်မှု၊  မူးယစ်ဆေးဝါး သုံးစွဲနေတာကို လျစ်လျူရှုပြီး သုံးခွင့်ပြုထားမှု၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးကို ဖျော်ဖြေရေးဆိုင်မှာ လက်ခံထားမှု၊ ခွင့်ပြုချက်မရဘဲ အရက်ယမကာ ရောင်းချမှု၊ အရက်ယမကာကို သတ်မှတ်ထားတဲ့အချိန်ထက် ကျော်လွန်ရောင်းချမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့ မြန်မာလူငယ်တွေဟာ ရွှေ့ပြောင်းအလုပ်သမား လူငယ်တွေ မဟုတ်ဘဲ လူကုံထံ အသိုက်အဝန်းက ဖြစ်မယ်လို့ ယူဆရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

Source: Thai PBS / Thairath 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013