DVB Logo
Home
မြန်မာသတင်း
ရွှေပါရမီပညာသင်ဆု လျှောက်ထားနိုင်
DVB
·
August 8, 2013
Donate to DVB

‘၂၀၁၃’ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ပြီး တက္ကသိုလ်တက်ဖို့ ငွေကြေးခက်ခဲနေသူတွေ တက္ကသိုလ်ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ ရွှွှေပါရမီပညာရေး ဖောင်ဒေးရှင်းက  ကြေညာပါတယ်။

ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်နည်း ပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်နှင့် ပညာရေးတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ကြားဖို့  ကုန်ကျစရိတ်မတတ်နိုင်တဲ့ ကျောင်းသားတွေ လျှောက်နိုင်ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီတကြိမ်ဟာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်တဲ့ ရွေပါရမီပညာရေး ဖောင်ဒေးရှင်းရဲ့ ဒုတိယအကြိမ်မြောက် ပညာသင်ဆုဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ ကိုယ်ရေးအချက်အလက်အပြည့်အစုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမိတ္တူ၊  သက်ဆိုင်ရာတက္ကသိုလ်ဝင်ခွင့်မိတ္တူ၊ မိဘအလုပ်အကိုင်နှင့်ဝင်ငွေ၊ ညီအစ်ကိုမောင်နှမတွေရဲ့  အလုပ်အကိုင်နဲ့ပညာရေး၊ မိမိကိုယ်တိုင်၊ မိဘနဲ့ အခြားယုံကြည်ထိုက်သူတဦးတို့ရဲ့  ပညာသင်ဆုလျှောက်ထားရခြင်း အကြောင်း ရှင်းလင်းတင်ပြချက်၊  ကျောင်းစာပြင်ပလှုပ်ရှားမှုနဲ့ အောင်မြင်မှုတွေ၊ ဘ၀ရည်မှန်းချက် (ကိုယ်တိုင်လက်ရေးဖြင့်)၊ ဆရာတော်အရှင်ဆန္ဒာဓိက၏ စာအုပ်များဖတ်ဖူးပါက မည်သည့်စာအုပ်ကို မည်သည့်အတွက်ကြောင့် အနှစ်သက်ဆုံးဖြစ်ကြောင်း နားလည်ခံစားချက်(ကိုယ်တိုင်လက်ရေးဖြင့်) တို့ကို ‘ရွှေပါရမီပညာရေး ဖောင်ဒေးရှင်း၊ အမှတ်(၆၁)၊ မြေညီထပ်၊ စဉ့်အိုးတန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့’ သို့ နိုဝင်ဘာ ၃၀ရက်နေ့ နောက်ဆုံးထားပေးပို့၍ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူတွေအနက် အလိုအပ်ဆုံးသူတွေကို စာတွေ့၊ လူတွေ့၊ လေ့လာတွေ့ဖြင့် စနစ်တကျ စိစစ်ရွေးချယ်ပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမ်းအနားနဲ့ ပညာသင်ဆုချီးမြှင့်ပေးအပ်သွားမယ်လို ကြေညာချက်က ဆိုပါတယ်။

ပညာထူးချွန်ပါလျက် တက္ကသိုလ်ပညာ ဆက်လက်ဆည်းပူးရန် အခက်အခဲ ဖြစ်နေကြသူတွေကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၏ ဦးဆောင်မှုဖြင့် ရွှေပါရမီ ပညာရေးဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၉ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ပထမအကြိမ် ပညာသင်ဆုကို ဒီနှစ်ဖေဖော်ဝါရီလမှာ တကြိမ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013