DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ Popa langur ခေါ် ရှားပါးမျောက်မျိုးစိတ်သစ် တွေ့ရှိ 
DVB
·
November 12, 2020
မြန်မာနိုင်ငံ၌ Popa langur ခေါ် ရှားပါးမျောက်မျိုးစိတ်သစ် တွေ့ရှိ 
Donate to DVB

မျိုးတုံးပျောက်ကွယ်တော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရှားပါးမျောက်မျိုးစိတ်သစ်တစ်မျိုးကို မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားဒေသမှာ လေ့လာတွေ့ရှိခဲ့ပါတယ်။ 

ဂျာမနီနိုင်ငံ၊ ပရိုင်းမိတ်သုတေသနစင်တာ The German Primate Centre (DPZ)နဲ့ မြန်မာနိုင်ငံအခြေစိုက် အပြည်ပြည်ဆိုင်ရာ  တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့ Fauna & Flora International (FFI) တို့က ဦးဆောင်ကာ  ပြည်တွင်းပြည်ပက တက္ကသိုလ်၊ ပြတိုက်တွေက  ပညာရှင်တွေ  ပူးပေါင်းလေ့လာပြီး သုတေသနပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

အဲဒီမျောက်တွေအား ပုပ္ပားဒေသကိုအစွဲပြုပြီး Popa langur လို့ အမည်ပေးထားကာ အရွက်စားတဲ့ ရှားပါးမျိုးစိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

သူရဲ့ မီးခိုးရောင်အမွေးတွေနဲ့အတူ ထူးခြားတဲ့ မျက်နှာပုံစံနဲ့ အသွင်လက္ခဏာတွေရှိပြီး   ဒေသရင်းမျိုးစိတ် (Endemic Species) ကတော့  မြန်မာနိုင်ငံမှာပဲဖြစ်ပါတယ်။

စုစုပေါင်း အကောင်အရေအတွက် ၂၀၀ နဲ့ ၂၅၀ ကြားမှာ ရှိပြီး၊  ပုပ္ပါးဒေသအပါအဝင်  ပဲခူးရိုးမ၊ ပန်းလောင်ပြဒါးလင်း၊ ရသေ့ပြန်တောင် စတဲ့နေရာတွေမှာ တွေ့ရတယ်လို့  WCS Myanmar က ဖော်ပြထားပါတယ်။ 

ကမ္ဘာပေါ်မှာ စုစုပေါင်း langur မျိုးစိတ် ၂၀ ကျော်ရှိပြီး၊  တချို့ဟာ အလွန်အမင်းမျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။

မြန်မာနိုင်ငံမှာလည်း တရားမဝင်အမဲလိုက်တာနဲ့ သစ်တောတွေ ပျက်ဆီးဆုံးရှုံးတာ စတာတွေကြောင့် မြန်မာ့တောတောင် မြစ်ချောင်းတွေမှာ တောရိုင်းတိရစ္ဆာန်တွေဟာ တဖြည်းဖြည်းနဲ့ ဆိတ်သုဉ်းပျောက်ကွယ်လာနေပြီး ရှားပါးမျိုးစိတ်တွေ မျိုးတုံးမှု အန္တရာယ်နဲ့  နှစ်စဉ်ရင်ဆိုင်နေရပါတယ်။ 

ကိုးကား- The Guardian

သတင်း- အိအိဖြိုး/ ဓာတ်ပုံ- - Thaung Win

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013