DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် မသန်စွမ်းနှင့်သက်ကြီးရွယ်အို ၃၀၀ ကျော်အတွက် ၀ှီးချဲနှင့်ချိုင်းထောက် အကူအညီ လိုအပ်
DVB
·
November 12, 2020
ပခုက္ကူတွင် မသန်စွမ်းနှင့်သက်ကြီးရွယ်အို ၃၀၀ ကျော်အတွက် ၀ှီးချဲနှင့်ချိုင်းထောက် အကူအညီ လိုအပ်
Donate to DVB

မကွေးတိုင်းမှာ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်း ၃၀၀ ကျော်အတွက် ၀ှီးချဲနဲ့ ချိုင်းထောက် အလှူရှင်တွေလိုအပ်နေတယ်လို့ ကယ်ရီမောင်လူမှုကူညီရေးအသင်းက ပြောပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ကယ်ရီမောင်လူမှုကူညီရေးအသင်းအနေနဲ့ ၀ှီးချဲ ၁၇၅ စီး လှူဒါန်းခဲ့ပြီး  လက်ရှိအချိန်အထိ လူဦးရေ ၂၀၀၀ နီးပါးလောက်အထိ လှူဒါန်းပြီးဖြစ်ကာ ၃၀၀ ကျော်အတွက် အကူညီလိုနေတာလို့ ကယ်ရီမောင် လူမှုကူညီရေး အသင်းဥက္ကဌ ဦးအောင်ကြီးကပြောပါတယ်။

“နောက်ထပ်အလှူခံထားတဲ့ မသန်စွမ်းတွေ ၃၀၀ ကျော်ရှိပါသေးတယ်။ အဲ့ဒီ ၃၀၀ ကျော်ကို ကျွန်တော်တို့ မလှူနိုင်ဘူးဗျ ဘာလို့မလှူနိုင်လဲဆိုတော့ ကျနော်တို့မှာ အလှူရှင်မရှိတော့လို့ ကျနော်တို့အသင်းအနေနဲ့လည်း အကုန်လုံးလှူနိုင်လောက်အောင် မတတ်နိုင်ဘူး၊ အဲ့ဒါကြောင့် အလှူရှင်တွေတော့ လိုပါတယ်။ ပရဟိတ အသင်းတိုင်းဟာ အလှူရှင်လိုတယ်၊ တကယ်အလုပ်လုပ်နေတဲ့ ပရဟိတအသင်းတိုင်းကို အလှူရှင်များအနေနဲ့ ပံ့ပိုးပြီးတော့ လှူပေးဖို့ ၀ိုင်းဝန်းလှူဒါန်းပေးကြပါဦးလို့ ဖိတ်ခေါ်ပါတယ်။”

သက်ကြီးရွယ်အိုတွေအနေနဲ့လည်း အိပ်ယာပေါ်က မထနိုင် လမ်းမလျှောက်နိုင်တော့တဲ့ သူတွေနဲ့ ယာဉ်မတော်တဆမှုတွေအတွက် ၀ှီးချဲတွေ လိုအပ်နေတာလို့ သိရပါတယ်။

အိမ်ထဲမှာ နေပြီး မသွားနိုင်မလာနိုင်ဖြစ်နေတဲ့  အသက်ကြီးရွယ်အိုတွေကို စာရင်းလိုက်လံကောက်ပြီး ၀ှီးချဲလှူဒါန်းတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

အခုကိုဗစ်ကာလမှာ မသန်စွမ်းတွေကို သွားရောက်ကူညီရာမှာ ညအချိန်ညည့်နက်ချိန်တွေမှ မြို့အတွင်း ပြန်လည်၀င်ရောက်ရတဲ့အခါမှာ အ၀င်မခံတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့ ပခုက္ကူမြို့ ကယ်ရီမောင်လူမှုကူညီရေးအသင်း ရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ ၀၉-၄၅၀၅၂၈၁၅၆/ ၀၉- ၄၀၄၀၃၃၉၆၈ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ခင်ပြည့်စုံဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013