DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ်အပေါ်မစိုးရိမ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော
DVB
·
November 11, 2020
ရွေးကောက်ပွဲရလဒ်အပေါ်မစိုးရိမ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော
Donate to DVB

ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေအပေါ်မှာ ဘယ်သူမှာ ပြင်လို့ ဖျက်လို့ မရတဲ့အတွက် ပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောတာပါ။

“ ပြည်သူတွေဘာမှ မစိုးရိမ်ပါနဲ့ ရွေးကောက်ပွဲရလဒ်က ပုံစံ ၁၆ မှာ ရေးသွင်းပြီးသား ဘယ်သူမှ ဖျက်လို့မရဘူး ပြင်လို့မရဘူး။ အဲရွေးကောက်ပွဲ ရလဒ် ပုံစံ ၁၆ ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးရဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့မှာ ရေတွက်တာ၊ သူတို့ရှေ့မှာရေးသွင်းတယ်။ သူတို့လက်မှတ်တွေက ထိုးပြီးသား။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကဘယ်လို ပြောပြော မဲရုံကိုယ်စားလှယ်တွေက ပုံစံ ၁၆ ပေါ်မှာ လက်မှတ်ထိုးပြီးသားတွေ။ မြို့နယ်ကော်မရှင်ကရေတဲ့ ပုံစံ ၁၈ မှာ ဖြည့်ပြီးပြီ၊ သွင်းပြီးသားတွေ၊ ဒီကိန်းဂဏန်းတွေက ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရဘူး ” လို့ ဦးမြင့်နိုင်က ပြောပါတယ်။

ဒါကြောင့် ရလဒ်ကိုဘယ်သူမှ ပြင်လို့ ဖြည့်လို့မရဘဲ ဒီရလဒ်နဲ့ တစ်ထပ်ထဲ ကြေညာရတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘာမှ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။ 

ပုံစံ ၁၆ မှာ မှတ်တမ်းတင်ပြီးသားဖြစ်တဲ့အတွက် ရလဒ် ကဘာမှ ပြောင်းလဲစရာအကြောင်းမရှိတော့ဘဲ သက်သေခံအထောက်အထားတွေရှိပြီးသားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး လက်ရှိ ထွက်ပေါ်လာတဲ့ ရလဒ်အပေါ်မှာမူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး မဲပေးသူ ၇၀ ရာခိုင်နှုန်း ကျော်ရှိခဲ့ပြီး လက်ရှိ ထွက်ပေါ်နေတဲ့ရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲဆန္ဒနယ်အများစုမှာ အရေအတွက်အများဆုံးနဲ့ အနိုင်ရရှိနေတာဖြစ်ပါတယ်။

ဒါအပြင့် အခုရွေးကောက်ပွဲမှာ မကျင်းပနိုင်ခဲ့တဲ့ နယ်တွေအတွက် ဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတဲ့ အခြေအနေတွေရှိရင် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013