နမ့်ခမ်းမြို့နယ်၌ တအာင်းပလောင် အမျိုးသားပါတီ အပြတ်သတ်အနိုင်ရ
DVB
·
November 11, 2020

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်မှာ တအာင်းပလောင် အမျိုးသားပါတီက အပြတ်သတ် အနိုင်ရရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။
တအာင်း (ပလောင်) ပါတီက နမ့်ခမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ဦးထွန်းကျော်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မှာ ဦးအေးမောင်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ဒေါ်အိုင်စောစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) မှဦ ဦးအိုက်မွန်း တို့အနိုင်ရရှိသွားတာဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၈၆၆၃၄ ဦးရှိပြီး ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၇ ဦး၊ ပြည်နယ်လွှတ်တော် အမှတ် (၁) မှာ ၆ ဦးနဲ့ ပြည်နယ်လွှတ်တော် အမှတ် (၂) မှာ ၅ ဦး အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြတာဖြစ်ပါတယ်။
နိုင်ငံပါတီ ၇ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တအာင်းပလောင် အမျိုးသားပါတီ၊ ကချင်အမျိုးသားပါတီတို့က ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ၁ ဦး တို့ဝင်ပြိုင်ကြတာ ဖြစ်ပါတယ်။
Pra Jaw