DVB Logo
Home
မြန်မာသတင်း
တအာင်းဒေသတွင် မြေသိမ်းရန် ကုမ္ပဏီ နှင့် အာဏာပိုင်များ ကြိုးစားနေဟုဆို
DVB
·
August 7, 2013
Donate to DVB

ဒီဗွီဘီ၊ ဩဂုတ် ၇၊ ၂၀၁၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အထက် မန်လွယ်ကျေးရွာ အိမ်ထောင်စု ၄၀ က ပိုင်ဆိုင်တဲ့ သဘာဝအမြဲစိမ်းတော ဧက ၃၀၀၀ ကျော်ကို ရရှိဖို့အတွက် နဂါးပျံကုမ္ပဏီနဲ့ ဒေသခံ အာဏာပိုင်တို့က ပူးပေါင်းရယူဖို့ ကြိုးစားနေတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံးက ပြောပါတယ်။

ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ပြီးတော့ နဂါးပျံကုမ္ပဏီက ကိုယ်ပိုင်လက်ဖက် စိုက် ခင်း စိုက်ပျိုးဖို့ စီမံကိန်းအတွက် ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ ကျေးရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို ရယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီအတွက် ဒေသခံတွေက တအာင်းကျောင်းသားနဲ့ လူငယ်များအစည်းအရုံးကို ဆက် သွယ်ပြီး အကူအညီတောင်းခံခဲ့တာလို့ ဒီအဖွဲ့က မိုင်းဖုန်းစိုးသန်းက ပြောပါတယ်။

ဒေသခံတွေကတော့ ဒီမြေယာတွေကို မရောင်းချလိုသလို လက်ရှိအတိုင်း ထားလိုပေမယ့် အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာတွေ ရှိနေတဲ့အကြောင်း  မိုင်းဖုန်းစိုးသန်းက ပြောပါတယ်။

“အသံတိတ် ပုံစံမျိုးနဲ့ မြန်မြန် ဆန်ဆန်နဲ့ ပြီးအောင်၊ လုပ်ငန်းတွေလည်း မရှုပ်အောင်၊ ဟိုညှိရ ဒီညှိရ ဖြစ်မှာစိုးလို့ ဆိုပြီး ကျေးရွာနဲ့ဆိုရင် သူဖိအားတွေများလို့ လူစုနဲ့ သူလက်မှတ်ထိုးခိုင် ပြီးတော့ သဘောတူပါတယ်၊ ရောင်းပေးချင်ပါတယ် ဆိုတဲ့ပုံစံမျိုးကို အတင်းလုပ်ခိုင်းတာပေါ့။ အယောက် ၄၀ လောက်က လုံးဝ မထိုးပေးနိုင်သေးဘူး။”

တအာင်းကျောင်းသားတွေအနေနဲ့ ဒီမြေတွေကို ရယူဖို့ ကြိုးစားတယ်ဆိုတဲ့ နဂါးပျံကုမ္ပဏီ ကို ဆက်သွယ်ဖို့ ကြိုးစားရာမှာတော့ အခက်အခဲရှိတဲ့အကြောင်းသူက အခုလို ပြောပါတယ်။

“အခြေအနေက သူတို့ လုံခြုံရေး တအားတင်းကျပ်ထားတယ်။ နဂါးပျံကုမ္ပဏီက အစိုးရနဲ့ ဖက်စပ်  လုပ်ထားတာလည်း ဖြစ်တယ်။ ပြီးရင် စစ်တပ် လုံခြုံရေးတွေ ချထားတယ်။ လက်ဖက် အစိုသွားသွင်းမယ် ဆိုရင်တောင်မှ သူ့ရဲ့ လူခံတွေနဲ့ပဲ တဆင့်ခံ လာယူတာမျိုး ရှိတယ်။ ကျနော်တို့က တောက်လျှောက် ၀င်ပိုင်ခွင့်မရှိဘူး။ ဖုန်းနံပါတ် အဆက်အသွယ်တွေကိုလည်း မပေးဘူး။ ပစ္စည်းတွေ ရောင်းတဲ့အထဲမှာတို့၊ တံဆိပ်မှာထည့်ထားတဲ့ ဖုန်းနံပါတ်တွေကလည်း အရောင်းဝန်ထမ်းတွေပဲ ဖြစ်နေပြီးမှ သူတို့ရဲ့ ဒီကုမ္ပဏီကိစ္စတွေကို ဘာမှ ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးလို့ပဲ ပြောထားတယ်”

တအာင်းလူမျိုးတွေ နေထိုင်တဲ့နေရာတွေမှာ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ကို ဆက် သွယ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းတဲ့အတွက် ထောင်ချီတဲ့ လယ်ယာမြေ ဧကတွေ အသိမ်းခံခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013