Home
မြန်မာသတင်း
နေပြည်တော် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်​ရှေ့တွင် လူအင်အား ၅၀ ခန့်ဆန္ဒ​ပြ 
DVB
·
November 11, 2020
125054519_3500268536727487_3494026439209429090_o
124897009_3500267923394215_7562549787016327199_o
124889325_3500268710060803_6858381391676586859_o
124861010_3500270203393987_3591847327742450107_o
124791563_3500270130060661_8187231643284421090_o
124420161_3500270123393995_8704574453627807457_o
124375713_3500269096727431_6847580360997798158_o
124039561_3500270206727320_3761534550792823849_o
124539151_3500270410060633_206366608214838487_o
124454719_3500268653394142_848275099750945151_o
​နေပြည်​တော် ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်​ရှေ့မှာ ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​​ရေးပါတီနဲ့ နှင်းဆီပါတီ ထောက်ခံသူတွေနဲ့ ​ယေဒက္ခိဏပရဟိတအဖွဲ့တို့က လူအင်အား ၅၀ လောက်နဲ့ ဒီနေ့ နေ့လည်ပိုင်းက လာရောက်ဆန္ဒထုတ်​ပြကြပါတယ်။ “တရားမျှတမှုမရှိ​သော ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို လုံးဝအယုံအကြည်မရှိ၊ လွတ်လပ်၍ တရားမျှတသည့် ​ရွေး​ကောက်ပွဲဖြစ်​ရေး ဒို့အ​ရေး၊ ဒို့အ​ရေး၊ မတရားမျှမှန်သမျှဆန့်ကျင၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသည့်အစိုးရ လုံးဝအလိုမရှိ၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို တစ်နိုင်ငံလုံးလူထုအင်အားဖြင့် ကာကွယ်ကြ​ရေး ဒို့အ​ရေး၊ မသမာသည့်​ရွေး​ကောက်ပွဲ​ကော်မရှင် လုံးဝအလိုမရှိ” စတဲ့ စာသားတွေကို ကိုင်​ဆောင်ပြီး ဆန္ဒ​ပြကြတာ ဖြစ်ပါတယ်။ ဆန္ဒ​ဖော်ထုတ်မှုမှာ ဖျက်သိမ်းခံ နှင်းဆီပါတီက ၂၁ ဦး၊ ကြံ့ခိုင်ရေးပါတီဝန်းရံသူ ၄ ဦးနဲ့ ဒက္ခိဏပရဟိတ အဖွဲ့တစ်ဖွဲ့က ၂၁ ဦး ပါဝင်ပြီး လယ်ဝေးမြို့မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒထုတ်ဖော်သူတွေက တရားဝင်စာတင်ပြီး ဆန္ဒ​ဖော်ထုတ်တာဖြစ်ပြီး ပြည်​ထောင်စု​ ရွေး​ကောက်ပွဲ​ကော်မရှင်မှာ သတင်းစားရှင်းလင်းပွဲပြုလုပ်မှာကို မသိရှိဘူးလို့ဆိုပါတယ်။ ဆန္ဒထုတ်ဖော်မှုကို လာရောက်တားဆီးခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူက သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေမယ့် အခုလိုတားဆီးရခြင်းဟာ အခွင့်မရှိပဲ ဆန္ဒထုတ်ဖော်မှုကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024