DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်လေကြောင်းလိုင်း မန္တလေးကို တိုးချဲ့ပျံသန်းမည်
DVB
·
August 7, 2013
ဘန်ကောက်လေကြောင်းလိုင်း မန္တလေးကို တိုးချဲ့ပျံသန်းမည်
Donate to DVB

ထိုင်းနိုင်ငံက ပုဂ္ဂလိကပိုင် ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံ မန္တလေးကို ပြေးဆွဲပျံသန်းတော့မှာ ဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့ကနေစပြီး သုဝဏ္ဏဘူမိလေဆိပ်ကနေ မန္တလေး လေဆိပ်ကို တိုက်ရိုက်ပြေးဆွဲမယ်လို့ ဘန်ကောက်အဲယားဝေးကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လေကြောင်းလိုင်းသစ် တိုးချဲ့စကာလမှာ ဘန်ကောက်နဲ့ မန္တလေးကို အသွားရော အပြန်ပါ  ၃၇၉၀ ဘတ် ကျသင့်မှာ ဖြစ်ပြီး  နိုဝင်ဘာလ ၃၀ ရက်နေ့ထိ  အခုဈေးနှုန်းနဲ့ ရောင်းချပေးမှာပါ။ ပထမဆုံးနေ့မှာ စီးနင်းလိုက်ပါသူ ခရီးသည်တွေအတွက်လည်း အမှတ်တရ လက်ဆောင်ပစ္စည်းပေးဖို့ ရှိပါတယ်။ ေ

လယာဉ်တစီးကို ခရီးသည် ၁၄၄ ဦး ဆံ့ပါတယ်။”ဘန်ကောက် -  မန္တလေး လေကြောင်းလိုင်းကို  အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တွေမှာ တနေ့ ၁ ကြိမ် အသွားအပြန် ပြေးဆွဲပျံသန်းမယ်လို့ ဆိုပါတယ်။

ဘန်ကောက်ကနေ မွန်းတည့် ၁၂ နာရီမှာ ထွက်ခွာမှာ ဖြစ်ပြီး မွန်းလွဲ  ၁ နာရီ မိနစ် ၂၀ မှာ  မန္တလေးလေဆိပ်ကို ရောက်ပါမယ်။ မန္တလေးကနေ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှာ ထွက်ခွာပြီး ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်ကို ညနေ ၄ နာရီ ၃၅ မိနစ်မှာ ရောက်မယ်လို့ လေယာဉ်ဝန်ထမ်းက ဆက်ပြောပါတယ်။

ဘန်ကောက်အဲယားဝေး လေကြောင်းလိုင်းဟာ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်ပြေးဆွဲခဲ့တာဖြစ်ပြီး  မြန်မာနိုင်ငံ ပွင့်လင်းစပြုလာပြီ ဖြစ်တဲ့အတွက်  ခရီးသည်တွေ ပိုများလာလို့ မန္တလေးလိုင်းကို တိုးချဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်အဲယားဝေးက ပြောပါတယ်။

လာမယ့် နှစ်ကုန်ပိုင်းကျရင်လည်း ဘန်ကောက် ဒွန်မောင်းလေဆိပ်ကနေ နေပြည်တော်ထိ တိုးချဲ့ပျံသန်းဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံကို ပြေးဆွဲပျံသန်းနေတဲ့ ထိုင်းလေကြောင်းလိုင်းတွေကတော့ အဲယားအေးရှား၊ နုတ်အဲ၊ ထိုင်းအဲယားဝေးနဲ့ ဘန်ကောက်အဲယားဝေးတို့ ဖြစ်ပြီး  ဒီနှစ်ထဲမှာ ရန်ကုန်အပြင် မန္တလေး နဲ့ မော်လမြိုင် ခရီးစဉ်တွေပါ ပိုမိုတိုးချဲ့ပျံသန်းလာတာ တွေ့ရပါတယ်။

ဒီနှစ်ထဲ ဇန်န၀ါရီလကနေ ဇွန်လအထိ မြန်မာနိုင်ငံ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသည် ၇ သိန်းလောက် ရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013