DVB Logo
Home
မြန်မာသတင်း
အမရပူရမြို့နယ် ရပ်/ကျေးမဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 11, 2020
အမရပူရမြို့နယ် ရပ်/ကျေးမဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

မန္တလေးမြို့၊အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာမဲရုံမှာ တာဝန်ကျခဲ့တဲ့ ရတနာပုံတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဆရာမတစ်ဦးမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တပ်ကြီးကျေးရွာ က မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ အဆိုပါ ဆရာမဟာ  နိုဝင်ဘာ ၉ ရက်နေ့က အနံ့မရတော့တာ ကြောင့် ဆေးရုံသို့သွားရောက်ပြသခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ကိုဗစ်ပိုး ကူးစက်ခံ ထားရတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ဆရာမဟာ မဟာအောင်မြေမြို့နယ်မှာ နေထိုင်တာဖြစ်ပြီး ရတနာပုံတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဆရာမတစ်ဦးဖြစ်‌ကာ သူနဲ့ ထိစပ်ခဲ့သူတွေကို ကွာရန်တင်း ဝင်ဖို့ ဆောင်ရွက်ထားတယ်လို့ အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံက သိရပါတယ်။

အမရပူရမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖေသက်ထွန်းက "ဝန်ထမ်းတွေကို ရတနာပုံတက္ကသိုလ်မှာပဲ  ကွာရန်တင်း ထားထားပါတယ်၊ ပါတီကိုယ်စားလှယ်တွေကိုတော့ သက်ဆိုင်ရာစင်တာတွေကို ပို့ပါတယ်"လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တဲ့ ဆရာမနဲ့ ထိစပ်ခဲ့တဲ့ မဲရုံတာဝန်ကျ ဝန်ထမ်း ၁၇ ဦးကို ရတနာပုံ တက္ကသိုလ်ကျောင်းမှာ ကွာရန်ထားရှိထားပြီး ပါတီကိုယ်စားလှယ်တွေကိုတော့ သက်ဆိုင် ကွာရန်တင်းစင်တာတွေနဲ့ ဟိုတယ် ကွာရန်တင်းတွေကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မဲရုံတာဝန်ကျ ဝန်ထမ်းတွေအပြင် အဆိုပါ ဆရာမရဲ့ မိသားစု ၁၃ ဦးကိုပါ ကွာရန်တင်းထားရှိထားတယ်လို့ မဟာအောင်မြေမြို့နယ် အထွေအထွေအုပ်ချုပ်ရေးရုံးကနေ သိရပါတယ်။

သတင်း - ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013