DVB Logo
Home
မြန်မာသတင်း
၈၈ ကာလ နှိမ်နှင်းသတ်ဖြတ်မှုများကို စုံစမ်းပေးရန် တောင်းဆို
DVB
·
August 7, 2013
၈၈ ကာလ နှိမ်နှင်းသတ်ဖြတ်မှုများကို စုံစမ်းပေးရန် တောင်းဆို
Donate to DVB

၁၉၈၈ ဒီမိုကရေစီအရေး တောင်းဆိုဆန္ဒပြတဲ့သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ် တာတွေကို လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို လူ့အခွင့်အရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။

၁၉၈၈ ခုနှစ် အရေးတော်ပုံအတွင်း ပစ်သတ်ခံရသူတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုကသာ မြန်မာရဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်ဆိုတာ မြန်မာ့မိတ်ဆွေနဲ့ အလှူရှင်တွေက ရှင်းရှင်းလင်းလင်းသိသင့်တယ်လို့ HRW က ဩဂုတ် ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်နေ့ နိုင်ငံတ၀ှမ်းဆန္ဒပြခဲ့ကြရာမှာ ကျောင်းသားတွေ၊  သံဃာ တော်တွေ၊ အစိုးရ၀န်ထမ်းတွေနဲ့ အရပ်သားတွေ ပါဝင်ခဲ့ပြီးတော့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၁၉၈၈ ခုနှစ် မတ်လကနေ စက်တင်ဘာအထိ နိုင်ငံတ၀န်းမှာ ဒီမိုကရေစီအရေး လှုပ်ရှား သူတွေကို အစိုးရက နှိမ်နှင်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့လူတွေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့ရပါတယ်။

"အရင် ၂၅ နှစ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက ထုတ်ဖော်လို့မရတဲ့ ဒဏ်ရာ တွေ ဖြစ်ခဲ့သလို  အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို စိန်ခေါ်နေပါတယ်။  စစ်တပ်ရဲ့မတော်မတရား လုပ်ဆောင်မှုတွေကို နှစ် ၅၀ ကြာ ငြင်းဆိုထားတာကို ခ၀ါချ ပြီးတော့ အတိတ်က လူသတ်သမားတွေနဲ့အတူ မရှိဘဲ ပြည်သူနဲ့ အတူရှိကြောင်း အစိုးရအနေနဲ့ ပြသသင့်ပါတယ်" လို့ HRW အာရှဒေသ ညွန်ကြားရေးမှူး ဘရက်အဒမ်က ကြေညာချက်မှာ ပြောပါတယ်။

၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှု ငွေရတုအဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့မှာ  ကျင်းပနေတဲ့ အချိန်မှာ HRW က အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ၁၉၉၆ ခုနှစ် ရန်ကုန် တက္ကသိုလ် ကျောင်းသားဆန္ဒပြပွဲနဲ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး နှိမ်နင်းမှုတွေကိုလည်း လွတ်လပ်စွာစုံစမ်းပေးဖို့ HRW က တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေကို တိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့တဲ့ ၂၀၀၃ ဒီပဲယင်းအရေးအခင်းကိုလည်း လွတ်လွတ်လပ်လပ် စုံစမ်းတာမရှိသေးဘူးလို့ ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013