DVB Logo
Home
မြန်မာသတင်း
ပြည်သူအများ၏ ဆန္ဒကို ထင်ဟပ်သည့် ရလဒ်ဆိုလျှင် လက်ခံရမည်ဟု PPP ခေါင်းဆောင်ပြော
DVB
·
November 10, 2020
ပြည်သူအများ၏ ဆန္ဒကို ထင်ဟပ်သည့် ရလဒ်ဆိုလျှင် လက်ခံရမည်ဟု PPP ခေါင်းဆောင်ပြော
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု အပြည့်အဝမရှိသော်လည်း ပြည်သူအများရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ရလဒ်ဆိုရင် လက်ခံရမှာဖြစ်တယ်လို့  ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က ပြောပါတယ်။

“ပြီးလို့ရှိရင် ကန့်ကွက်လွှာတင်သွင်းတာတွေ၊ ဥပဒေမဲ့ဖြစ်ရပ်တွေပေါ့နော် ဒါတွေက ပိုများတယ်လို့ ဒါ လူတိုင်းလည်းသိပါတယ်ရှင့်၊ သက်သေအထောက်အထားတွေလည်း ရှိတယ်ပေါ့နော်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ဆိုလို့ရှင် ရင်တော့ ကျမတို့ ဒီရွေးကောက်ပွဲရလဒ်က လွတ်လပ်ပြီး တရားမျှတမှု အပြည့်အဝမရှိသော်လည်း ပြည်သူအများရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ရလဒ်ဆိုရင်တော့ ကျမတို့က လက်ခံရမှာပေါ့နော်။” 

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာ မေဝင်းမြင့်ကို မဲအပြတ်အသတ်အကွာနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ ရွေးကောက်ပွဲမှာရှုံးနိမ့်ခဲ့ပေမယ့် မဲရလဒ်တွေမှာတော့ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီတို့ ပြီးရင် တတိယနေရာလောက်ရှိနေတယ်လို့ ပြောပါတယ်။ 

ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရခဲ့တဲ့အပေါ် ပါတီဝင်တွေကို ပြည်သူတွေ စသိလာသလို ကိုဗစ်ကာလကြားမှာပြည်သူနဲ့ အထိုက်အလျောက်ထိတွေ့ခွင့်ရခဲ့တာ အမြတ်ဖြစ်တယ်လို့ ဒေါက်တာသက်သက်ခိုင်က ဆိုပါတယ်။

ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်လွှာတင်သွင်းဖို့ မရှိဘူးလို့လည်း ဒေါက်တာသက်သက်ခိုင်ကပြောပါတယ်။

အခုကျင်းပပြီးခဲ့တဲ့ရွေးကောက်ပွဲကြီးကို ကမ္ဘာ့ ကပ်ရောဂါကာလကြီးမှာ ကျင်းပခဲ့ပြီး အောင်အောင်မြင်မြင်ကျင်းပနိုင်ရေးအတွက်စီမံဆောင်ရွက်ခဲ့ကြတဲ့ ဌာနဆိုင်ရာအသီးသီးကို ကျေးဇူးတင်ကြောင်းလည်း ပြည်သူ့ရှေ့ဆောင်ပါတီက သတင်းထုတ်ပြန်ထားပါတယ်။ 

ကိုဗစ်-၁၉ ကပ်ဘေးရှိစေကာမူ တာဝန်ကျေပွန်စွာ ပါဝင်ခဲ့ကြတဲ့ မဲဆန္ဒရှင်မိဘပြည်သူအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရပါတီတွေနဲ့ ကိုယ်စားလှယ်တွေကို ဂုဏ်ယူတဲ့အကြောင်းနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ပါတီက ထုတ်ပြန် ထားပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီဟာ မဲအနိုင်မရခဲ့ပေမဲ့ ပြည်သူလူထုအကျိုးအတွက် ပါတီရဲ့ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်အတိုင်း ဆက်လက်သယ်ပိုးဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထုတ်ပြန်ထားပါတယ်။ 

ဓာတ်ပုံ- PPP

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013