DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်း ထပ်မံပံ့ပိုးပေးမည် 
DVB
·
November 10, 2020
အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်း ထပ်မံပံ့ပိုးပေးမည် 
Donate to DVB

အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစုကို ကျပ် ၄၀၀၀၀ နှုန်း  ထပ်မံ ပံ့ပိုးပေးဖို့ စီစဉ်နေတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်။

ဒါက ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက်  အစိုးရရဲ့ စတုတ္တအကြိမ်မြောက် ပံ့ပိုးမှုအစီအစဉ်ဖြစ်ပါတယ်။ 

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံလူတန်းစားတွေအတွက် ပံ့ပိုးမှုအစီအစဉ်ကို အခု သီတင်းပတ်ကနေ စတင်လုပ်ဆောင်သွားမယ်လို့ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ အခြေအနေနဲ့ ပက်သက်ပြီး ပြည်သူကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုလိုပံ့ပိုးပေးရာမှာ ပထမအကြိမ်က ကောက်ခံထားတဲ့ အိမ်ထောင်စုစာရင်းတွေကို အခြေခံပြီး၊ ထပ်မံ စီစစ်ဆာင်ရွက်ထားတဲ့ စာရင်းအတိုင်း ပံ့ပိုးပေးသွားမယ်လို့ မင်္ဂလာတောင်ညွှန့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစားတွေကို ပထမအကြိမ် ထောက်ပံ့မှုအနေနဲ့ ရိံက္ခာငါးမျိုးကို လူဦးရေ ၅ ဒသမ ၃ သန်းထိ အစိုးရက ဖြန့်ဝေပေးခဲ့ပါတယ်။ 

အဲဒီနောက် ဒုတိယအကြိမ်မှာ တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ နှုန်းနဲ့  အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းကျော်၊ တတိယအကြိမ် မြောက်မှာလည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ နှုန်းနဲ့  အိမ်ထောင်စုပေါင်း ၅ ဒသမ ၆ သန်းကျော်ကို ပံ့ပိုးပေးခဲ့ပါတယ်။ 

သတင်း- စိုးချစ်ချစ်ပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013