DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ မသင်္ကာဖွယ်ရာ ပါဆယ်ပစ္စည်းထုပ်ရောက်လာ  
DVB
·
November 10, 2020
ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးထံ မသင်္ကာဖွယ်ရာ ပါဆယ်ပစ္စည်းထုပ်ရောက်လာ  
1 / 7
Donate to DVB

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးအံ့မော် နာမည်နဲ့ မသင်္ကာဖွယ်ရာ ပါဆယ်ပစ္စည်းရောက်လာလို့ လွိုင်ကော် အမှတ် ၉၀၃ စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ​နဲ့ ရဲတပ်ဖွဲ့​​​က လာရောက်စစ်ဆေးရှင်းလင်းခဲ့ရပါတယ်။

နိုဝင်ဘာ ၉ ရက် ညနေက သိန်းသန်းကုဋေယာဉ်လိုင်းနဲ့ ရန်ကုန်ကပေးပို့လာတဲ့ ပါဆယ်မှာ ပြည်နယ်အတွင်းရေးမှူး ဦးအံမော်ရဲ့နာမည်နဲ့ ပေးပို့လာတာဖြစ်ပြီး ဦးအံ့မော်အနေနဲ့ သူမှာထားတဲ့ ပစ္စည်းမဟုတ်တဲ့အတွက် ရဲတပ်ဖွဲ့ကိုအကြောင်းကြားကာ စစ်ဆေးစေခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ကလည်း မသင်္ကာလို့ မိုင်းရှင်းလင်းရေးတပ်ဖွဲ့ကိုအကြောင်းကြားပြီး ပါဆယ်ကိုစစ်ဆေးပြီး ဖွင့်ဖောက်ခဲ့ရပါတယ်။

ပါဆယ်ထဲမှာတော့ wifi-tp- link စက် (၁)လုံး၊ SoNY မိုက် (၂) လုံး၊ T2F Amplifier (၁)လုံး၊ T2F ဆောင်းဘောက် (၂) လုံး၊ Golden Flend System ပုံး (၁)လုံးနဲ့ Handgel ဘူး (၅၀) ပါ (၁) ဖာတို့ ပါဝင်တာ စစ်ဆေးတွေ့ရှိပါတယ်။

ဘယ်သူပေးပို့တာလဲဆိုတာ မသိရတဲ့အတွက် အဆိုပါ ပစ္စည်းတွေကို ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းတွေ စနစ်တကျ ​ကြီးကြပ်ရေးကော်မတီရုံးမှာ သိမ်းဆည်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013