DVB Logo
Home
မြန်မာသတင်း
ခန္တီးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ
DVB
·
November 10, 2020
ခန္တီးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ
Donate to DVB

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်အသီးသီးမှာ အနိုင်ရရှိခဲ့တယ်လို့ ခန္တီးမြို့နယ်တိုင်းဒေသကြီး အမှတ်၂ ကိုယ်စားလှယ်လောင်း ဦးသိန်းလှိုင်ဝင်းက အတည်ပြုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်မှာ ၁၁၀၁၃ မဲ၊ အမျိုးသားလွှတ်တော် မှ ၁၃၅၇၅ မဲ၊  တိုင်ဒေသကြီးအမှတ် (၁) မှာ ၆၀၅၈ မဲ၊ တိုင်းဒေသကြီးအမှတ် (၂) မှာ ၄၇၂၂ မဲ အသီးသီးရရှိခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၃၉၅၆ မဲ၊ အမျိုးသားလွှတ်တော် ၄၅၂၈ မဲ၊  တိုင်ဒေသကြီးအမှတ် (၁) မှာ  ၂၁၅၅ မဲ၊ တိုင်ဒေသကြီးအမှတ် (၂) မှာ  ၂၂၈၀ မဲ ရရှိပါတယ်။

ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွှတ်ရေးပါတီကတော့ ပြည်သူလွှတ်တော်မှာ ၉၂၆ မဲ၊ အမျိုးသားလွှတ်တော် ၁၀၀၈ မဲ၊  တိုင်းဒေသကြီးအမှတ် (၂) မှာ ၃၂၈ မဲ ရရှိပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ပြည်သူလွှတ်တော်မှာ ၂၄၈ မဲ၊ အမျိုးသားလွှတ်တော် ၁၂၅၈ မဲ၊ တိုင်းဒေသကြီးအမှတ် (၁) မှာ ၂၃၅ မဲ၊ တိုင်းဒေသကြီးအမှတ် (၂) မှာ ၁၄၆ မဲ ရရှိပါတယ်။၊ 

တိုင်လှိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတတ်ရေးပါတီကတော့ တိုင်းဒေသကြီးအမှတ် ၂ ၇၈၉ မဲ၊ အမျိုးသားလွှတ်တော်မှာ ၉၈၅ မဲ ရရှိပါတယ်။

နာဂအမျိုးသားပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၅၀၉၆ မဲ၊ တိုင်းဒေသကြီးအမှတ် (၁) မှာ ၂၈၂၈ မဲ၊ တိုင်ဒေသကြီးအမှတ် (၂) မှာ ၁၇၈၁ မဲ ရရှိပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ တိုင်းဒေသကြီးအမှတ် (၁) မှာ ၁၇ မဲ၊ တိုင်းဒေသကြီးအမှတ်  (၂) မှာ ၉၈မဲ အသီးသီးရရှိခဲ့ကြပါတယ်။

ခန္တီးမြို့မှာ နိုင်ငံရေးပါတီ ၆ ပါတီ ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူလွှတ်တော် ၆ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ တိုင်းဒေသကြီးအမှတ် (၁) ၄ နေရာ၊ တိုင်းဒေသကြီးအမှတ် (၂) ၈ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁၀ နေရာ၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ၆ နေရာ ယှဉ်ပြိုင်ခဲ့ပြီး မဲရုံပေါင်း ၃၄ ရုံနဲ့ မဲပေးပိုင်ခွင့်ရှိသူ ၃၁၃၈၄ ဦး ရှိတယ်လို့ သိရပါတယ်။

သတင်း - အောင်ဆန်းမြင့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013