DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့တွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီပါတီက အပြတ်အသတ်နိုင်
DVB
·
November 9, 2020
တောင်တွင်းကြီးမြို့တွင် လွှတ်တော်သုံးရပ်လုံး အန်အယ်လ်ဒီပါတီက အပြတ်အသတ်နိုင်
Donate to DVB

၂၀၂၀ ပါတီစုံရွေးကောက်ပွဲမှာ မကွေးတိုင်း တောင်တွင်းကြီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။ 

ပြည်သူ့ဆန္ဒမဲရရှိမှုတွေ မြို့နယ်ရွေးကော်က ကြေညာခဲ့ပြီး ဆန္ဒမဲရရှိမှုမှာ ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီပါတီက ၁၁၈,၄၉၂ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၃၄,၂၉၆၊ အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၁၁၉,၀၈၅ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၄၅၁၇၆ မဲ ရရှိခဲ့ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မှာတော့ အန်အယ်လ်ဒီပါတီက  ၅၉၆၉၈ မဲနဲ့ ကြံ့ခိုင်ရေးပါတီက ၁၉၉၁၉ မဲ၊  တိုင်းဒေသကြီးလွှတ်တော်အမှတ် (၂) မှာ အန်အယ်လ်ဒီပါတီက ၅၈,၇၃၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၅,၁၆၀ မဲ အသီးသီးရရှိခဲ့ကြပြီး အန်အယ်လ်ဒီပါတီက လွှတ်တော်အသီးသီး မဲအပြတ်အသတ်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၂၁၉,၁၁၂ ဦး၊ မဲလာပေးသူ ၁၃၄,၁၂၆ ဦးနဲ့ ကြိုတင်မဲစုစုပေါင်း ၂၇,၁၃၈ ဦးရှိပြီး မဲပေးသူရာခိုင်နှုန်း ၇၃ ဒသမ ၆၄ ရာခိုင်နှုန်း ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲက သိရပါတယ်။

သတင်း - သားကြီး (တောင်တွင်းကြီး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013