DVB Logo
Home
မြန်မာသတင်း
မိုး​ကောင်းမြို့နယ်တွင် အန်အယ်လ်ဒီပါတီ အနိုင်ရ
DVB
·
November 9, 2020
မိုး​ကောင်းမြို့နယ်တွင် အန်အယ်လ်ဒီပါတီ အနိုင်ရ
Donate to DVB

ကချင်ပြည်နယ်၊ မိုး​ကောင်းမြို့နယ်မှာ ​ရွေး​ကောက်ပွဲ​ကော်မရှင်က ဒီနေ့ညနေပိုင်း စာရင်းရလဒ်တွေကို ​ကြေညာခဲ့ပြီး အန်အယ်လ်ဒီပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦး၀င်းနိုင်၊  အမျိုးသားလွတ်​တော်ကိုယ်စားလှယ်​ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်​တော်အမှတ် (၁) မှာ ဦး​​ဝေလင်းနဲ့ ပြည်နယ်လွတ်​တော်အမှတ်မှာ ဒေါ်သီရိသွင်က မဲအပြတ်အသတ်နဲ့ အသီးသီး အနိုင်ရရှိခဲ့တာပါတယ်။

ပြည်သူ့လွတ်​တော်မှာ အန်အယ်လ်ဒီပါတီက  ၄၃၁၉၈ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၃၇၁၆ မဲ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၁၁၆၇၈ မဲ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၆၅၅၉ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၁၃၁ မဲ ရရှိခဲ့ပါတယ်။

အမျိုးသားလွှတ်တော်မှာတော့ အန်အယ်လ်ဒီပါတီက ၄၃၃၀၀ မဲ၊ ကြံ့ခိုင်ရေးပါတီက  ၂၈၃၄၂ မဲ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၁၂၀၀၁ မဲ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၆၄၂၄ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၁၂၅၆ မဲ ရရှိခဲ့ပါတယ်။ 

ပြည်နယ်လွှတ်​တော်အမှတ် (၁) မှာ အန်အယ်လ်ဒီပါတီက ၁၇၅၄၁ မဲ၊  ကြံ့ခိုင်ရေးပါတီက ၉၇၃၆ မဲ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၆၉၆၃ မဲ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁၃၂၂ မဲ၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၉၈၅ မဲ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီက ၁၆၈၂ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၉၇၉ မဲ အသီးသီး ရရှိခဲ့ပါတယ်။

ပြည်နယ်လွှတ်​တော်အမှတ် (၂) မှာတော့ အန်အယ်လ်ဒီပါတီက ၂၃၀၃၈ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၃၈၀၈ မဲ၊ ကချင်ပြည်နယ်ပြည်သူ့ပါတီက ၃၈၆၅ မဲ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၃၁၆ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၅၀၈ မဲနဲ့ အသီးသီး ရရှိခဲ့တယ်လို့ မြို့နယ်​ကော်မရှင်က ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

အခု မဲစာရင်းရလဒ်တွေကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က တရား၀င်အတည်ပြု ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

သတင်း - Ko Htet.(MJI)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013