DVB Logo
Home
မြန်မာသတင်း
မလေးရှား နေထိုင်ခွင့်အတွက် မြန်မာနိုင်ငံသား ၂၀၀ ကျော် လိမ်ညာခံရ
DVB
·
August 6, 2013
မလေးရှား နေထိုင်ခွင့်အတွက် မြန်မာနိုင်ငံသား ၂၀၀ ကျော်  လိမ်ညာခံရ
Donate to DVB

မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ရဖို့ တရားမ၀င် နိုင်ငံခြားသားတွေ မှတ်ပုံတင် ရာမှာ ကြားခံပွဲစားတွေရဲ့ အထောက်အထားအတုတွေနဲ့ လိမ်လည်ခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၂၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကို တရားမ၀င် ၀င်ရောက် နေထိုင်နေတဲ့ မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမားတွေအတွက် မလေးရှား အစိုးရကနေ အရင်နှစ်တွေကနေစပြီး 6P ခေါ် လွတ်ငြိမ်း ချမ်းသာခွင့်အစီအစဉ်ကို ဆောင်ရွက်ပေးရာမှာ ကြားခံပွဲစားတွေရဲ့ လိမ်လည်ခံရတာပါ။



[caption id="attachment_42294" align="alignright" width="300" caption="(ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘုတ်)"][/caption]

လာရောက် တိုင်တန်းတဲ့ အလုပ်သမား  ၂၃၆ ဦး ရှိပြီလို့ မလေးရှားက မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေး စင်တာ (MMRC) က ပြောပါတယ်။

တိုင်တန်းမှုတွေထဲမှာ မလေးရှားအခြေစိုက် မဟာနန်း လုပ်ငန်းစု ကုမ္ပဏီက လုပ်ဆောင်ထားတာက အများဆုံးဖြစ်ပြီး တခြားအဖွဲ့တွေကို တိုင်တန်းတာတွေလည်း ရှိနေတယ်လို့ MMRC အဖွဲ့ဝင် ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“အဓိက ကျနော်တို့ လိုချင်တာက အလိမ်ခံရတဲ့ လူတွေအားလုံးကို စာအုပ်ပြန်ထုတ်ပေး၊ ပိုက်ဆံ ပြန်ပေးလိုက်။ စာအုပ်နဲ့ ပိုက်ဆံ ပြန်ပေးလိုက်ရင် တခြားနေရာမှာ အလုပ်ပြန်လျှောက်လို့ရတယ်။ မဟုတ်ရင် မြန်မာပြည်ပြန်လို့ရတယ်။ ပိုက်ဆံရော စာအုပ်ပါ သိမ်းထားတယ် ပြန်မပေးဘူး။ တကယ်လို့ မြန်မာပြည်ပြန်မယ်ဆိုရင် သူ့မှာ ပီအာ ပြန်လျှောက်ရမယ်၊ နှစ်ခါ ကုန်သွားပြီ။ မြန်မာပြည်ပြန်မယ်ဆိုရင် ထပ်ကုန်ဦးမယ်။ သံရုံးမှာလည်း ပြန်မယ်ဆိုရင် အခု အရင်ဈေးမဟုတ်တော့ဘူး။ စာအုပ်အဟောင်းရှိတဲ့လူဆိုရင် ၂၂၀၀၊ စာအုပ်အဟောင်း မရှိတဲ့လူဆိုရင် ၃၀၀၀ ပေးရတယ်။”

အလုပ်သမားတွေက အစီအစဉ်နဲ့ပတ်သက်ပြီး မဟာနန်းရဲ့ဆောင်ရွက်ချက်အတွက် မြန်မာသံရုံးကို လိပ်မှုပြီး တိုင်ကြားတဲ့စာတွေကိုလည်း ဒီဗွီဘီက လက်ခံရရှိထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မဟာနန်းလုပ်ငန်းစုကုမ္ပဏီကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခဲ့ခြင်း မရှိပါဘူး။

6P ခေါ် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် ဆောင်ရွက်စဉ်မှာ ကြားဝင်ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီတွေရဲ့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး လိမ်ညာလုပ်ဆောင်မှုတွေ ရှိတဲ့သတင်းတွေလည်း မလေးရှား မီဒီယာတွေမှာ ပျံ့နှံခဲ့ပါတယ်။

အဲဒီအစီအစဉ်မှာ မှတ်ပုံတင်တာ၊  တရားဝင်အဖြစ် လုပ်ဆောင်တာ၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်တာ၊ စစ်ဆေးမှုတွေ ပြုလုပ်တာ၊ အရေးယူတာနဲ့ နယ်နှင်ဒဏ်ပေးတာတွေ ပါဝင်ပါတယ်။

အဲဒီအစီအစဉ်ကို မလေးရှား ပြည်ထဲရေးဝန်ကြီးက လုပ်ဆောင်တာဖြစ်ပြီး တရားမ၀င် အလုပ်သမားတွေ တရားဝင် မှတ်ပုံတင်နိုင်အောင် ဆောင်ရွက်ပေးတာလည်းဖြစ်ပါတယ်။မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013