DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် အမတ်နေရာအားလုံး အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရ
DVB
·
November 9, 2020
ကနီမြို့နယ်တွင် အမတ်နေရာအားလုံး အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ လွှတ်တော် ၃ ရပ်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိတယ်လို့ မြို့နယ်ကော်မရှင်ရုံးရဲ့စာရင်းအရ သိရပါတယ်။

အမျိုးသားလွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၇၃၆၈၉ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၂၅၀၄ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၅၆၄ မဲ ရရှိပါတယ်။ 

ပြည်သူ့လွှတ်တော်မှာ အန်အယ်လ်ဒီပါတီက ၇၃၀၈၉ မဲ၊  ကြံ့ခိုင်ရေးပါတီက ၁၂၇၇၆ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၅၉၃ မဲရရှိပါတယ်။

တိုင်းဒေသကြီး လွှတ်တော် အမှတ် (၁) မှာတော့ အန်အယ်လ်ဒီပါတီက ၃၃၇၅၅ မဲ၊  ကြံ့ခိုင်ရေးပါတီက ၆၄၉၄ မဲနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၂၆၈ မဲ အသီးသီး ရရှိခဲ့ပါတယ်။

တိုင်းဒေသကြီး လွှတ်တော် အမှတ် (၂) မှာ အန်အယ်လ်ဒီပါတီက ၃၇၃၂၀ မဲ၊ ကြံ့ခိုင်ရေးပါတီက ၆၀၉၁ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၃၃၁ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၃၃၃ ရရှိခဲ့ပြီး အန်အယ်လ်ဒီက တမြို့နယ်လုံး အတိုင်းတာနဲ့ အနိုင်ရခဲ့တာပါ။

ကနီမဲဆန္ဒနယ်မှာ အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဦးအောင်လင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) က ဦးရွှင်‌ဌေးနဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) က ဦးထွန်းထွန်း၀င်းတို့ အနိုင်ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

သတင်း - ကိုကျော်မင်းသန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013