မိုးကောင်းတွင် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ အနိုင်ရ
DVB
·
November 9, 2020

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့မှာ လွှတ်တော်သုံးရပ်အပြင် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး၀င်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
မိုးကောင်းမြို့မှာ မဲရုံပေါင်း ၇၀ ရှိရာ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေက မဲရုံ ၅၄ ရုံလုံးကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်းနှုန်းရှိတယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီ ရှုံးတဲ့ မဲရုံနေရာတွေမှာတော့ တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက အနိုင်ရရှိခဲ့တာပါ။
မိုးကောင်းမြို့မှာ ဆန္ဒမဲပေးနိုင်သူဦးရေ ၁၀၃,၂၅၃ ယောက်ရှိပြီး နိုင်ငံရေး ပါတီပေါင်း ၈ ပါတီက ကိုယ်စားလှယ်လောင်း ၅၆ ယောက် ဝင်ပြိုင်ခဲ့တာပါ။
၂၀၁၅ ရွေးကောက်ပွဲတုန်းက ပါတီပေါင်း ၉ ပါတီ၀င်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။
သတင်း- ကိုထက် (MJI)