မြိုင်မြို့နယ်တွင် အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်လုံး အနိုင်ရ
DVB
·
November 9, 2020

မကွေးတိုင်း မြိုင်မြို့နယ်က မဲရုံတွေမှာ မဲရေတွက်မှု ရလဒ်တွေအရ အန်အယ်လ်ဒီပါတီက လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီပါတီက ၁၃၀၃၇၈ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၈၂၁၇ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၆၄၈၊ တစညပါတီက ၁၂၁၇ မဲ ရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ အန်အယ်လ်ဒီပါတီက ၁၃၀၄၅၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၂၈၄၃၅ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၈၆၈ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၈၁၄ မဲ ရရှိခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) မှာတော့ အန်အယ်လ်ဒီပါတီက ၆၀၁၈၂ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆၂၈၂ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၄၀၅ မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၃၁၈ မဲ ရရှိခဲ့ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မှာတော့ အန်အယ်လ်ဒီပါတီက ၇၀၆၈၅ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၂၂၅၂ မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ၅၆၄ မဲ အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။