DVB Logo
Home
မြန်မာသတင်း
သင်္ယန်းကျွန်းတွင် မဲရေတွက်မှုရလဒ်အရ အန်အယ်လ်ဒီ အသာစီးရနေ
DVB
·
November 9, 2020
သင်္ယန်းကျွန်းတွင် မဲရေတွက်မှုရလဒ်အရ အန်အယ်လ်ဒီ အသာစီးရနေ
Donate to DVB

သင်္ယန်းကျွန်းမြို့နယ်မှာ မဲရေတွက်မှုရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အသာစီးရနေတယ်လို့ အန်အယ်လ်ဒီပါတီက ပြောပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ်အတွင် မဲဆန္ဒရှင် အရေအတွက် ၁၈၄၄၀၈ နဲ့ မဲရုံပေါင်း ၁၃၉ ရုံရှိပြီး နိုင်ငံရေးပါတီပေါင်း ၆ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ 

အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲအတွက် ကောက်ခံထားတဲ့  မဲဆန္ဒရှင်အရေအတွက်က တော့  ၂၇၀၀၀ ရှိပါတယ်။ မနေ့ညကအထိ မဲရေတွက်မှုအရ  မဲရုံတိုင်းမှာ အန်အယ်လ်ဒီက အသားစီး ရရှိနေပေမဲ့ မဲအရေအတွက်ကို အတိအကျ မသိရသေးပါဘူး။

ရေတွက်ပြီးတဲ့ မဲရလဒ်က မဲရုံတစ်ခုစီက ပေးပို့ထားတာပဲရှိပြီး မြို့နယ်တစ်ခုလုံးစာ  စာရင်းအတိအကျ မသိရသေးဘူးလို့ အန်အယ်လ်ဒီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်နေရာက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

ဒ့ါအပြင့် မဲရုံပေါင်း ၁၃၉ ရုံမှာ အန်အယ်လ်ဒီ အပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ Thingangyun News  မှာ ဖော်ပြထားပါတယ်။

သင်္ယန်းကျွန်းမြို့နယ်မှာ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒိမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013