DVB Logo
Home
Lead Story
“ငါမှန်တယ်”သီချင်းကို အမိုက်စားသီဆိုပြီး KnockOuts Round ကို ဖြတ်ကျော်ခဲ့သည့် Error အဖွဲ့(ရုပ်သံ)
DVB
·
November 9, 2020
“ငါမှန်တယ်”သီချင်းကို အမိုက်စားသီဆိုပြီး KnockOuts Round ကို ဖြတ်ကျော်ခဲ့သည့် Error အဖွဲ့(ရုပ်သံ)
Donate to DVB

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ KnockOuts Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်လူငယ် ၂ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Error အဖွဲ့က အဆို တော် ရွှေထူးနဲ့ Y-Zet တို့ သီဆိုထားတဲ့ “ငါမှန်တယ်”သီချင်းနဲ့ ပြိုင်ပွဲဝင်ခဲ့ကြပြီး နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

       “ငါတို့ပြောပြမယ်… အသဲခွဲတဲ့မိန်းမတွေအကြောင်း… ယောကျာ်းတွေပျက်စီးတာ အသဲခွဲတဲ့မိန်းမတွေကြောင့်… တဖက်သတ်ကြီးပြောပါဦး… ဖောက်ပြန်ပြီး ယုတ်မာဦး… ပြီးမှ ကျားတွေမကောင်းသလို နွားဆိုပြီးတော့… ခေါင်းစဉ်တပ်လို့ ပုတ်ချဦး… အိုး… နင် လိုချင်တာ ဘယ်လိုအကြင်နာတုန်း… အော… အဖြူကိုလိုချင်ရင်ကိုယ်တိုင် သေချာဖြူ အောင် ပြင်ပါဦး”

       Blind Audition အဆင့်မှာတုန်းကတော့ Error အဖွဲ့က Lil’Z နဲ့ Mary တို့ သီဆို ထားကြတဲ့ “မငိုပါနဲ့တော့” သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရန်ရန် ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။

       အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ရွှေသွေးနဲ့ အတူ “နှစ်ယောက်တစ်ယောက်” အမည်ရတဲ့ ကိုယ်တိုင်ရေး ရက်ပ်သီချင်းနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကာ နောက်တဆင့် ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။

ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ် ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုတပတ်ပြိုင်ပွဲမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ Error အဖွဲ့နဲ့အတူ သင်းယု၊ စုမွန်၊ IV ထူးတို့က သီချင်းတပုဒ်စီနဲ့ အပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ် ပါတယ်။

သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ရန်ရန်ချန်းက Error အဖွဲ့နဲ့ IV ထူးတို့ကို ရွေးချယ်ခဲ့တာမို့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ် ကာ သင်းယုနဲ့ စုမွန်တို့ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013