DVB Logo
Home
မြန်မာသတင်း
ဟင်္သာတတွင် မဲစာရင်းအတုဟု ယူဆရသည့် မဲစာရွက် လာထည့်သူကို ရဲတပ်ဖွဲ့ထံ အပ်နှံ
DVB
·
November 8, 2020
ဟင်္သာတတွင် မဲစာရင်းအတုဟု ယူဆရသည့် မဲစာရွက် လာထည့်သူကို ရဲတပ်ဖွဲ့ထံ အပ်နှံ
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တာလေးရပ်ကွက် မဲရုံအမှတ် ၄ မှာ မဲစာရင်းအတုလို့ ယူဆရတဲ့ မဲစာရွက် လာထည့်သူတဦးကို မြို့နယ်ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်စိန်က  “ဒီမဲစာရင်းဟာ အတုလို့ ယူဆရတယ်။ အဲဒါကြောင့် ကျနော် ကာယကံရှင်ကို ခေါ်ယူမေးမြန်းတဲ့အခါမှာတော့ သူများဆီက ရတာပါလို့ ပြောကြားခဲ့တဲ့အတွက် နောက်တယောက်ကို ခေါ်ယူမေးမြန်းခဲ့ပါ‌တယ်။ နောက်တယောက်ကတော့ သူလည်း နောက် တယောက်ဆီက ရခဲ့တာလို ပြောကြားခဲ့တဲ့အတွက် နောက်တယောက်ကို ခေါ်ယူမေးမြန်းရာမှာတော့ အထက်ကရခဲ့တာပါ၊ အထက်ဆိုတာက ဘယ်ကလဲမေးတော့  ကြံ့ခိုင်ရေးက ရတာပါလို့ပြောကြားခဲ့တဲ့အတွက် မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကို ခေါ်ယူအပ်နှံခဲ့ပြီး မြို့နယ်ကော်မရှင်ကတော့ ဟင်္သာတမြို့မရဲစခန်းမှူးထံ ဖုန်းဆက်အကြောင်းကြားပြီး အပ်နှံခဲ့ပါတယ်။ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌကတော့ ဘယ်လိုပုဒ်မနဲ့ စွဲမယ်တော့မသိဘူး၊ သူတို့လုပ်စရာရှိတာ ဆက်လုပ်ပါလိပ့်မယ်” လို့ ပြောပါတယ်။

အခုလိုမျိုး မဲစာရင်းအတုလို့ ယူဆရတဲ့ မဲစာရွက် လာထည့်တာကို လက်သင့်မခံကြောင်းနဲ့ မဲရုံ ပါတီကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးမင်းက ပြောပါတယ်။

“ကျနော်တို့ကိုယ်စားထားတဲ့ ရပ်ကျေးမှာရှိတဲ့ မဲရုံကိုယ်စားလှယ်တွေရဲ့ သဘောထား၊ ဆုံးဖြတ်ချက်တွေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါမျိုး ကျူးလွန်တာကို ကျနော်တို့ လက်သင့်မခံပါဘူး။”

ကြံ့ခိုင်ရေးပါတီရဲ့ မြို့နယ်သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဌေးဝင်းက “မဲစာရင်းစလစ်ပြား လာပေးတဲ့အခါမှာ အဖေ အမေ နာမည်လွဲနေတဲ့အတွက် ရပ်ကျေးအဖွဲ့ကို ပြန်ပေးခဲ့တယ်။ နောက်ထပ်လည်း ပြန်ထုတ်မပေးတဲ့ ကြံခိုင်ရေးပါတီရဲ့ ရပ်ကွက်ပါတီအဖွဲ့ဝင်တဦးဆီ သွားရောက်မေးတဲ့အခါ ဒီအထဲမှာ မင်းနာမည်ပါနေတာ၊ အဲဒီတော့မင်းထည့်ချင်လည်း အဲဒီစာရွက်ကို ပြကြည့်ပြီး မေးကြည့်ရရင်တော့ ထည့်လို့ရတာပေါ့ ဆိုလို့ သူက သွားရောက်ထည့်တာ ဖြစ်တယ်။ သူ့မှာတော့ အပြစ်မရှိပါဘူး။ ကျနော်တို့က အစောပိုင်းကတည်းက ခုလို စာရွက်တွေကို ပါတီဝင်‌တွေထံကို ကိုယ့်မဲစာရင်းထဲ ပါ မပါ ကြည့်လို့ရ‌အောင် စီစဉ်‌ပေးထားခဲ့တာ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013