
စပါးနည်းပြသစ် ဒီဇာဘီဟာ မာဆေးလ်မှာ သူခေါ်ယူခဲ့တဲ့ ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး အရင်က ပြောကြားခဲ့တဲ့ မှတ်ချက်တွေအတွက် ပရိသတ်တွေကို ပြန်လည်တောင်းပန်လိုက်ပါတယ်။
ဂရင်းဝုဒ်ရဲ့အမှုကိစ္စတွေကို ကာကွယ်ပြောဆိုခဲ့တာကြောင့် စပါးပရိသတ်တချို့ရဲ့ ကန့်ကွက်မှုကို ခံခဲ့ရတာပါ။
ဒီဇာဘီက “တစုံတယောက်ကို ထိခိုက်စေခဲ့ရင် တောင်းပန်ပါတယ်။ ကျနော့်မှာလည်း သမီး တယောက် ရှိတာမို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို လျှော့တွက်မှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
လက်ရှိမှာ စပါးဟာ အဆင့် ၁၇ ကို ရောက်ရှိနေပြီး ဒီဇာဘီက အသင်း တန်းဆင်းရရင်တောင် စာချုပ်သက်တမ်းအတိုင်း ဆက်ရှိနေမယ်လို့ ကတိပြုထားပါတယ်။










