
မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ် (၇၀) လမ်း၊ (၂၇) လမ်း မှာ (၂၈) လမ်းကြားရှိ Unique Mandalay Tea Room မှာ နိုဝင်ဘာလ (၈) ရက်နေ့ အထွေထွေရွေးကောက်ပွဲ အထိမ်းအမှတ်အဖြစ် မင်စွန်းတဲ့ လက်သန်းတွေကိုပြပါက လက်ဖက်ရည်အခမဲ့ ပေးဝေတဲ့ အစီအစဉ်ကို ပြုလုပ်နေပါတယ်။
အဆိုပါ ပေးဝေတဲ့ အစီအစဉ်ကို ဒီနေ့မနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ခွက်ရေ ၅၀၀၀ ကျော်ဝေပေးခဲ့ပြီး တနေ့လုံး အနေနဲ့ အနည်းဆုံး ခွက်ရေ ၈၀၀၀ မှ ၁၀၀၀၀ အထိဝေပေးရမယ်လို့ ခန့်မှန်ထားကြောင်း ဆိုင်ရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျအောင် ပြောပါတယ်။
Photo - Kaung Zaw Hein / MPA










