DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်က ၅၁ ရာနှုန်း အကျိုးအမြတ်ရသည့်အပေါ် ၀မ်းမြောက်ကြောင်း ဒေသခံများ ထုတ်ဖော်
DVB
·
August 5, 2013
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းစာချုပ်သစ်အရ နိုင်ငံတော်က အကျိုးမြတ် ၅၁ ရာခိုင်နှုန်းထိ တိုးမြင့်ရရှိခဲ့တဲ့အပေါ် ဒေသံရွာသားတွေက ကြိုဆိုလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးခရိုင်  လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတ၀ိုက်က ရွာ ၂၆ ရွာက ရွာသားတွေဟာ ဝက်မှေးရွာဟောင်းမှာ ဩဂုတ် ၃ ရက်နေ့ ညနေက စုဝေးတိုင်ပင်ပြီး  သဘောထား ထုတ်ပြန်လိုက်ကြတာပါ။

သဘေားကြေညာချက်မှာ နံပါတ် ၁ အနေနဲ့ လယ်ယာမြေတွေကို မပျောက်ပျက်ဘဲ ပြုပြင်ထိန်းသိမ်းဖို့ တောင်းဆိုထားပြီး နံပါတ် ၂ ကတော့ စာချုပ်ပြင်ဆင်ချုပ်ဆိုမှုကြောင့် နိုင်ငံတော်အတွက် အသားတင်ရရှိမှု ၅၁ ရာခိုင်နှုန်းကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ပါရှိတယ်လို့ ရွာသားတဦးက ပြောပါတယ်။

ရွာသားတွေဘက်က အရင်တုန်းက စီမံကိန်းလုံးဝ ရုပ်သိမ်ရေးတောင်းဆိုချက်ကနေ အစီရင်ခံစာပါအတိုင်း အကောင်အထည်ဖော်ရေးကို လိုက်လျောလာတာဖြစ်ပါတယ်။

ဇူလိုင်လက စာချုပ် ပြင်ဆင်ချုပ်ဆိုရာမှာ စာချုပ်ဟောင်းတုန်းက နိုင်ငံတော်က သတ္တုခွန်အဖြစ် ၄ ရာခိုင်နှုန်းသာ ခံစားရာကနေ ၅၁ ရာခိုင်နှုန်းထိ တိုးမြင့်ရရှိခဲ့ပြီး ကျန်အကျိုးအမြတ်ကို တရုတ်-၀မ်ဘောင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်တို့က ခွဲဝေယူကြမှာပါ။

စာချုပ်သစ်ထဲမှာ ရွာသားတွေအတွက် အကျိုးရှိစေမယ့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ လူမှုဘ၀ စတာတွေအတွက်လည်း သီးသန့်ဆောင်ရွက်ရမှာတွေ ပါဝင်ပါတယ်။အစီရင်ခံစာ အကြံပြုချက်တွေကို အစိုးရဘက်က တကယ်အကောင်အထည် ဖော်မဖော်ဆိုတာကို ဆက်စောင့်ကြည့်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ တာဝန်ရှိတယ်လို့လည်း  သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ကော်မရှင်ရဲ့ အစီအရင်ခံစာအပါ ဒေသနှင့် ဒေသခံများ၊ နစ်နာရှုံးဆုံမှုများ မရှိရအောင် လိုအပ်ချက်နဲ့ အခက်အခဲများ ဖြည့်ဆည်းပေးခြင်း ပြေလည်အောင် ဆောင်ရွက်ပေးခြင်း မရှိပါက နောက်ဆက်တွဲ ရလဒ်များသည် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ တာဝန်သာဖြစ်ကြောင်း သတိပေးအပ်တယ်လို့ ဖော်ပြထားပါတယ်။

လက်ပန်းတောင်းအရေး လှုပ်ရှားသူ မအေးနက်က ၀က်မှေးရွာဆွေးနွေးပွဲမှာ စီမံကိန်းကို ပွင့်လင်းမြင်သာဖို့ လိုလားတယ်ဆိုတာ ပြောဆိုတင်ပြကြတယ်လို့ ပြောပါတယ်။

လုပ်ငန်းအကောင်အထည်ဖော်တဲ့အဖွဲ့အနေနဲ့ ကျေးရွာတွေကို စည်းရုံးရေးဆင်းဖို့ ဖိတ်ခေါ်ထားသလို စွန့်ပစ်မြေတွေကြောင့် ဒေသနဲ့ ဒေသခံတွေ မထိခိုက်အောင် အမြန်ဆုံးဆောင်ရွက်ဖို့  မြေယာလျော်ကြေး တန်ဖိုး သတ်မှတ်ရာမှာ ဒေသခံရွာသားတွေရဲ့ဆန္ဒကို တိုင်ပင်ဖို့နဲ့ ကာလပေါက်ဈေးထက်သုံးဆ ပေးဖို့ တောင်းဆိုထားပါတယ်။

ဩဂုတ် ၃ ရက်နေ့ ဆွေးနွေးရှင်းလင်းပွဲကို သံဃာတော်တွေ၊ ကျောင်းသားတွေအပါအ၀င် စုစုပေါင်း ၃၀၀ လောက် တက်ရောက်ကြပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လက်ပန်းတောင်း ကြေးနီစီမံကိန်းရုပ်သိမ်းရေး ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီးတဲ့နောက် အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်ရေးကော်မရှင်ကို တာဝန်ပေးခဲ့ပါတယ်။ အစိုးရ၊ တရုတ်-၀မ်ဘောင်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတိုက ကော်မရှင်ရဲ့ အကြံ ပြုချက်တွေအတိုင်း လုပ်ပါမယ်လို့ သဘောတူထားပြီး လုပ်ငန်းအကောင်အထည်ဖော်တဲ့အဖွဲ့ ဖွဲ့စည်းဆောင်ရွက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013