DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တဝန်း ဆန္ဒမဲပေး၊ မဲပေးပိုင်ခွင့်ရှိသူ ၂၁၂,၉၁၆ ဦးရှိ 
DVB
·
November 8, 2020
ကယားပြည်နယ်တဝန်း ဆန္ဒမဲပေး၊ မဲပေးပိုင်ခွင့်ရှိသူ ၂၁၂,၉၁၆ ဦးရှိ 
Donate to DVB

ကယားပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေကြရာမှာ ပြည်နယ်တစ်ခုလုံးမှာ  မဲဆန္ဒရှင်ဦးရေ ၂၁၂,၉၁၆ ဦးရှိပြီး လွိုင်ကော်မြို့နယ်မှာ ၁၀၀,၂၆၇ ဦးနဲ့ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာတော့ မဲဆန္ဒရှင်ဦးရေ ၅၆,၆၇၄ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁၉,၉၅၃ ဦး၊ ရှားတောမြို့နယ်မှာ ၅,၆၂၈ ဦး၊ ဘောလခဲမြို့နယ်မှာ ၈,၂၀၇ ဦး ၊ ဖားဆောင်းမြိုနယ်မှာ ၁၆,၉၁၂ ဦးနဲ့ မယ်စဲမြို့နယ်မှာ ၅,၂၇၅ ဦး အသီးသီးရှိပါတယ်။

ကြိုတင်မဲ အခြေအနေကတော့  လွိုင်ကော် မြို့နယ်မှာ ၆,၃၄၃ ဦး၊ ဒီးမော့ဆိုမှာ  ၄,၇၅၃ ဦး ၊ ဖရူဆိုမှာ ၈၁၉ ဦး ၊ ဘောလခဲမှာ ၁,၁၃၅ ဦး ၊ ဖားဆောင်းမှာ ၁၂၁၈ ဦး ၊ မယ်စဲမှာ ၇၀၃ ဦး ၊ ရှားတောမှာ  ၂၆၆ ဦးရှိကြောင်း နေ့လယ် ၂ နာရီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

တပ်မတော်ကြိုတင်မဲတွေက ရှားတောမြို့နယ်မှာ ၃၃၈ မဲ၊ မယ်စဲမြို့နယ် ပန်းတိမ် (နယ်ခြားစောင့်တပ်) ကြိုတင်မဲ ၄၂၄ ၊ မယ်စဲတောင်ပိုင်းအထကမှာ ၈၈ မဲ ရှိပြီး ဒီအရေအတွက်တွေဟာ ပုံစံ ၃(က) နဲ့ လျှောက်ထားပြီး မဲပေးခဲ့တာလို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013