DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ရုပ်သံထုတ်လွှင့်မည်
DVB
·
August 5, 2013
Donate to DVB

တိုင်းရင်းသားဘာသာ ၁၁ မျိုးနဲ့ ရုပ်သံအစီအစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားလိုင်း (အမ်အာရ်တီဗွီ) က စက်တင်ဘာ ၁၅ ရက်လောက်ကစပြီး ထုတ်လွှင်တော့မှာ ဖြစ်ပါတယ်။

ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ လိုင်ဇိုးချင်း၊ အရှိုးချင်း ၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ၀ စတဲ့ တိုင်းရင်းသား ၁၁ ဘာသာမျိုးနဲ့ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ နေပြည်တော်   မြန်မာ့ရုပ်မြင်သံကြားဌာနက တိုင်းရင်းသားရုပ်သံလိုင်းရဲ့  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာအောင်က ဒီဗွီဘီကို ပြောပါတယ်။

“စက်တင်ဘာ ၁၅ ရက်နေ့လောက်တော့ စလွှင့်မယ်လို့ မှန်းထားပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း အဲဒီအချိန်အတိုင်းကို လွှင့်ပါမယ်။ နံနက် ၆ နာရီကနေပြီးတော့ စလွှင့်မယ်။ အနေအထားတော့ အားလုံး အပြည့်အစုံ လောလောဆယ် နည်းနည်းပြောဖို့ ခက်မယ်နဲ့ တူပါတယ်။”

ဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားဘာသာက လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပြုချက်နဲ့ သဘောထားတွေရယူဖို့ ပြီးခဲ့တဲ့ဇူလိုင် ၃၁ ရက်နေ့က နေပြည်တော်မှာ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး  ဒီအစီအစဉ်သစ်ပေါ်မှာ အားလုံးက ကြိုဆိုခဲ့ကြပါတယ်။

သတင်းကလွဲလို့ ကျန်တဲ့အစီအစဉ်တွေမှာတော့  ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဖွယ်ဖွယ်ရာရာ ထုတ်လုပ်တင်ဆက်နိုင်ရေးတွေကို တင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်သူ  ရန်ကုန် ရှမ်းစာပေယဉ်ကျေးမှုအသင်းရဲ့ ဒုဥက္ကဋ္ဌ ဒေါ်နန်းဝိုးဆိုင်က ပြောပါတယ်။

“ခါတိုင်း တိုင်းရင်းသားဆိုရင် uniform (တူညီ) ပေါ့နော်။ အဲဒီလိုမျိုး uniform မဟုတ်ဘဲနဲ့ သတ်မှတ်တဲ့ ၁ နာရီအချိန်အတွင်းမှာ သတင်းစဉ်က သတင်းပေါ့နော်။ ကျန်တဲ့ ပရိုဂရမ်မှတော့ ကိုယ်ကဏ္ဍနဲ့ကိုယ် ချဲလို့ ရလား၊ မရဘူးလားပေါ့။ အဲဒါလေးတွေ ဆွေးနွေးခဲ့တယ်၊ အဲဒီတော့ သူတို့ကလည်း ကောင်းပါတယ်တဲ့။ ဘာလို့လဲဆိုတော့ တခုနဲ့တခု မတူအောင်လို့ပေါ့နော်။ အဲဒါမှလည်း လူအများကို attraction (ဆွဲဆောင်မှု) ဖြစ်မယ်ပေါ့။”

တိုင်းရင်းသား အစီအစဉ် ထုတ်လွှင့်ချိန်မှာ ရှမ်း  ကချင် ၊ ကယား ၊ မွန်၊ ရခိုင်တွေက ၁ နာရီစီဖြစ်ပြီး ကရင် ၃ မျိုး၊ ချင်း နဲ့ ၀ ဘာသာကတော့ မိနစ် ၃၀ စီ ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား ၁ ဘာသာကို ထုတ်လွှင့်ချိန် မိနစ် ၃၀ ရရှိမှာဖြစ်ပြီး  တိုင်းရင်းသားရုပ်သံလိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ တိုင်းရင်းသားလူငယ်  ၁၄၅ ဦးကို သင်တန်းပေးနေတယ်လို့လည်း သိရပါတယ်။ဆွေးနွေးပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မြန်မာ့အသံ ရေဒီယိုအစီအစဉ်ကိုတော့ တိုင်းရင်းသားဘာသာ ၁၄ မျိုးနဲ့ မနက် ၆ နာရီကနေ မွန်းလွဲ ၁၂ နာရီထိ ၁ ကြိမ် ၊ မွန်းလွဲ ၂ နာရီကနေ ည ၁၀ နာရီထိ ၁ ကြိမ် တနေ့ကို ၂ ကြိမ် ထုတ်လွှင့်ပေးနေပါတယ်။

တိုင်းရင်းသားရုပ်သံလိုင်းအစီအစဉ်ဟာ  စက်တင်ဘာလထဲမှာ တိုးချဲ့ဖို့စီစဉ်ထားတဲ့ သီးသန့်ရုပ်သံလိုင်း ၃ ခု ထဲက တခုအပါအ၀င် ဖြစ်ပြီး ကျန် ၂ လိုင်းကတော့  လွှတ်တော်ရုပ်သံလိုင်းနဲ့ တောင်သူလယ်သမားကိုယ်စားပြု ရုပ်သံလိုင်းတို့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013