DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်တချို့(ဓာတ်ပုံ)
DVB
·
November 8, 2020
ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်တချို့(ဓာတ်ပုံ)
1 / 14
Donate to DVB

ဒီကနေ့ကတော့ မြန်မာနိုင်ငံသားအားလုံးအတွက် အရေးပါတဲ့ နေ့တနေ့ဖြစ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲပေးရမယ့် နေ့တနေ့ ဖြစ်ပြီး တနိုင်ငံလုံး ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း မဲရုံတွေကို တာဝန်သိသိ သွားရောက်မဲ ထည့်ခဲ့ကြတာကို တွေ့ရပါတယ်။

မဲရုံတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားမှာဖြစ်ပြီး တက်ကြွတဲ့ ပြည်သူတွေက မနက် ၅ နာရီလောက်ကတည်းက စောစောထ မဲပေးခဲ့ကြတာကိုလည်း တွေ့ရပြီး သူတို့ထဲမှာ ပြည်သူချစ်အနုပညာရှင်တွေလည်း ပါဝင်နေတာပါ။

သရုပ်ဆောင် ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံကတော့ “နိုင်တဲ့မဲတွေထဲက တမဲလေးဟာ ကိုယ့်မဲ ဖြစ်ဖို့ မနက်၅နာရီကတည်းကတန်းစီ မဲပေးခဲ့ပါသည်👍👍👍 ဒါပဲ 😎 ဦးနှောက်ကိုရော နှလုံးသားကိုရောမေးလို့ကတော့ အဖြေက တစ်ခုတည်းမို့လေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။



နှုတ်ခမ်းနီမလေးတို့ အသည်းစွဲအချစ်တော် သရုပ်ဆောင် ဒေါင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ“တို့လက်နဲ့ရွေးချယ်၊ မဲပေးမယ် #comment မှာ လက်သန်းလေးတွေပြကြမယ်”လို့ ရေးသားမျှဝေလာခဲ့တာပါ။



အဆိုတော် ပိုပိုကတော့ သရုပ်ဆောင် အလင်းရောင်နဲ့အတူ မဲပေးခဲ့တဲ့ ပုံတွေနဲ့အ တူ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုရေးသားပြီး ပရိသတ်တွေကို ကျီစယ်ပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“I Voted ️ မဲပေးပြီးပါပြီ… နိုင်ငံသား တယောက်ရဲ့ တာဝန်ကျေပါပြီရှင်… ဪ… ရွေးကောက်ပွဲမှာလဲ ဖူးစာ ဆုံခဲ့ပါပြီ… ရွေး ကောက်ပွဲ ဖူးစာပေါ့ 🙄️#popo #Myanmarelection2020”



အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်ကတဆင့် ခုလိုရေးသားပြီး အမှတ်တရဓာတ်ပုံတချို့ကို မျှဝေထားခဲ့တာပါ။

“တာဝန်ကျေခဲ့ကြောင်း၊ ခိုင်လုံမှတ်တမ်း😂😂😂️ ကြည်ဖြူသျှင် ၈ - ၁၁ - ၂၀၂၀”



       မြန်မာအိုင်ဒေါစတားဆုရှင် အဆိုတော် ဖြိုးမြတ်အောင်ကတော့ “မင်္ဂလာရှိသော နံနက်ခင်းလေးပါ… ကျန်းမာချမ်းသာကြပါစေ🙏🙏🙏️… တာဝန်ကျေခဲ့ပြီ မြန် မာနိုင်ငံသားတစ်ယောက်အနေနဲ့”လို့ ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားပြီး မဲပေးပြီးကြောင်း မျှ ဝေလာခဲ့တာ ဖြစ်ပါတယ်။



ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား ၂ လက်ဖြစ်ကြတဲ့ လူမင်းနဲ့ ရာဇာနေဝင်းတို့ရဲ့ မဲပေးမှုပုံရိပ်တွေကိုတော့ လူမင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကနေ “8.11.2020 သမိုင်းပေးတာဝန်ကျေခဲ့ပြီ”လို့ ရေးသားပြီး မျှဝေထားခဲ့တာပါ။



နှုတ်ခမ်းနီမလေးတွေအသည်းစွဲ မြန်မာကေပေါ့ပ်အဆိုတော်အဖွဲ့တဖွဲ့ဖြစ်တဲ့ Project K အဖွဲ့က ဝီလျှံကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ခုလိုရေး သားမျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ကိုယ်ချစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအတွက် နိုင်ငံသားတိုင်း မဖြစ် မနေ ပြုလုပ်သင့်တဲ့ တာဝန်တစ်ခုကို ကျွန်တော်ကတော့ ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးပြီ ️🇲🇲 သင်ရော...? #VoteMM #Vote2020 #WilliamTun”



စူစူလို့ ပရိသတ်တွေသိကြတဲ့ သရုပ်ဆောင်မင်းသမီး အိချောပိုကလည်း “မဲပေးခဲ့ ပြီးပြီ #suusuu”လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေ ထားခဲ့ပါတယ်။



ပရိသတ်အချစ်တော် နာမည်ကြီးသရုပ်ဆောင်မင်းသား နေတိုးကတော့ သူ့ရဲ့ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့ တာပါ။

“🌞နံနက်ခင်းအလင်းရောင်​တွေနဲ့အတူ အနာဂတ်နေ့ရက်များ​တောက်ပဖို့ အသဲကြားက​မဲတပြား📮အတွက် ...​နေတိုး”



မြန်မာအိုင်ဒေါစတား တေးသံရှင်တယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုကလည်း မိ ခင်ဖြစ်တဲ့ အဆိုတော် အိအိ၊ အစ်ကိုဖြစ်သူတို့နဲ့ သွားရောက်မဲပေးခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံနဲ့အတူ “We VOTED ️”လို့ ရေးသားပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေလာခဲ့တာပါ။



နာမည်ကြီး မိတ်ကပ်ပညာရှင် အလှဖန်တီးရှင်တယောက်ဖြစ်တဲ့ ခင်စန်းဝင်းက တော့ “မနက် ၅ နာရီထ ၆ နာရီအရောက်သွားပြီး မဲပေးခဲ့ပြီ… နိုင်ငံသားတယောက်အ နေနဲ့တာဝန်ကျေခဲ့ပါပြီ”လို့ ရေးသားပြီး ဖေ့ဘွတ်ခ်ပေါ်မှာ မဲပေးမှုအမှတ်တရ ဓာတ်ပုံ တွေ မျှဝေထားခဲ့တာကို တွေ့ရပါတယ်။



မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီး အေး ဝတ်ရည်သောင်းကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ “Hoping For Justice #vote2020”လို့ ရေးသားပြီး မိသားစုနဲ့ မဲပေးမှုအမှတ်တရပုံရိပ်တွေကို မျှဝေထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013