DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော်နှင့် အစိုးရ သဘောတူညီချက် ၄ ချက် လက်မှတ်ထိုး
DVB
·
August 5, 2013
ကျောင်းသားတပ်မတော်နှင့် အစိုးရ သဘောတူညီချက် ၄ ချက် လက်မှတ်ထိုး
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) နဲ့  ပြည်တောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲရေးအပါအ၀င် အချက် ၄ ချက်ကို သဘောတူညီလက်မှတ်ထိုးလိုက်ပါတယ်။



[caption id="attachment_42224" align="alignright" width="300" caption="(ဓာတ်ပုံ - ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်)"][/caption]

ဒီနေ့ ရန်ကုန် မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံပြီး အခုလို သဘောတူလက်မှတ်ထိုးလိုက်တာပါ။

ဒီဆွေးနွေးပွဲရလဒ်နဲ့ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ်  ဥက္ကဋ္ဌ  ရဲဘော်သံခဲက “ပြောရမယ်ဆိုရင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် ပဏမ သဘောတူညီချက်လို့ ပြောရင် ဖြစ်တယ်။ အဲဒီနောက်ဆက်တွဲက နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျနော်တို့ အနေနဲ့ ဆက်ပြီးတော့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေကို တက်လှမ်းနိုင်ဖို့အတွက် လာမည့် ဩဂုတ်လ ၁၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေထဲမှာကတော့ အထူးသဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ကာလအတွင်းမှာ နှစ်ဖက်တပ်နေရာ ချထားရေး၊ နောက်တခုက နှစ်ဖက်တပ်တွေရဲ့ သွားလာရေး ဆိုင်ရာ ကိစ္စရပ်တွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

သဘောတူညီချက်တွေထဲမှာ   ဩဂုတ်လ ၅ ရက်နေ့ကစပြီး နှစ်ဖက်စလုံးက တိုက်ခိုက်မှုတွေ ရပ်ဆိုင်းလိုက်ကြောင်း၊ ပဋိပက္ခတွေနဲ့ တိုက်ပွဲတွေ မဖြစ်ဖို့  နှစ်ဖက် ထိန်သိမ်းစောင့်လျှောက်ဖို့အပါအ၀င် လက်နက်မပါပဲ သွားလာဖို့ အစိုးရဘက်က သဘောတူကြောင်း နဲ့ ဆက်ဆံရေးရုံးတွေကို မြ၀တီမြို့မှာ ဖွင့်လင့်ဖို့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလက် မှတ်ရေးထိုးခဲ့လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကိုလည်း ရန်ကုန် မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြုလုပ်မယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို အေဘီအက်စ်ဒီအက်ဖ်ဥက္ကဋ္ဌ  ရဲဘော်သံခဲ၊ ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းအပါအ၀င် အဖွဲ့ဝင် ၂၄ ဦး တက်ရောက်ဆွေးနွေးခဲ့ပြီး အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနဲ့ အဖွဲ့တို့ တက်ရောက်ဆွေးနွေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်ပြည်နယ် ဘားအံမြို့မှာ  ၂၀၁၃ ခုနှစ် ဩဂုတ် ၄ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ကရင်ပြည်နယ်မှာ ရေကြီးတဲ့အတွက် ရန်ကုန်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ရွှေ့ပြောင်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးခဲ့တဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲနဲ့ ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013