DVB Logo
Home
အာရှဒေသ
ကမ္ဘောဒီးယားအတိုက်အခံက ရွေးကောက်ပွဲလွန် ဆွေးနွေးပွဲ အဆိုပြုချက်ကို လက်ခံ
DVB
·
August 5, 2013
ကမ္ဘောဒီးယားအတိုက်အခံက ရွေးကောက်ပွဲလွန် ဆွေးနွေးပွဲ အဆိုပြုချက်ကို လက်ခံ
Donate to DVB

ကမ္ဘောဒီယားအတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆေးက ၀န်ကြီးချုပ်ဟွန်ဆင်က မဲပေးမှု ဆိုင်ရာ မူမမှန်မှုတွေနဲ့ ပြောဆိုလာတာတွေကို ဆွေးနွေးဖို့ကမ်းလှမ်းလာတာကို သဘောတူ လိုက်ပါတယ်။



[caption id="attachment_42220" align="alignright" width="300" caption="ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ် ရိန်းဆေး"][/caption]

၁၅ နှစ်အတွင်း အဆိုးဆုံး ရွေးကောက်ပွဲရလဒ်တွေကို ကြုံတွေ့ခဲ့ရအပြီးမှာ ဟွန်ဆင်က အတိုက်အခံ ကမ္ဘောဒီယား အမျိုးသားကယ်တင်ရေးပါတီကို သင့်မြတ်ငြိမ်းချမ်းရေး ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။အတိုက်အခံက လွန်ခဲ့တဲ့ သီတင်းပတ်ကုန်က အမျိုးသားရွေးကောက်ပွဲအပြီးမှာ အာဏာရပါတီရဲ့ အောင်မြင်အနိုင်ရမှု ကြေညာတာကို ပယ်ချခဲ့ပါတယ်။


ဆမ်ရိန်းဆေးက အာဏာရပါတီက ရွေးကောက်ပွဲရလဒ်ကို ထိန်းချုပ်ကိုင်တွယ်ဖို့ အားထုတ်လာတာတွေ ရှိခဲ့ပြီး ၀န်ကြီးချုပ်ကို အပေးအယူလုပ်ဖို့ တွန်းအားပေးလာတာတွေ ရှိခဲ့ပေမယ့် အတိုက်အခံက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ဆမ်ရိန်းဆေးကို အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် သတင်းထောက် ဆမ်လမ်က တွေ့ဆုံမေးမြန်းထားပါတယ်။

“တကယ်တော့ ဒီလို လိုက်လျောမှုမျိုးလုပ်ဖို့ သူ တွန်းအားပေးခံခဲ့ရတာပါ။ ဘာလို့လဲ ဆိုတော့ သူ ရွေးကောက်ပွဲ ရှုံးခဲ့လို့ပါပဲဗျာ။ ကျနော်တို့က သူ့ကို ၀န်ခံဖို့ပဲ မျှော်လင့်ထားတာပါ။ ဘာလို့လဲဆိုတော့ တိုင်းပြည်ကို တိုးတက်စေချင်လို့ပါ။ ဒါပေမယ့် တရားမျှတမှုနဲ့ အမှန်တရား  အခြေခံအရ အမှန်တရားကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံက နိုင်ခဲ့တာပဲ။”    \

ဝန်ကြီးချုပ်ဟွန်ဆင်က ခင်ဗျားနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုလားနေပြီး ခင်ဗျားကလည်း သူရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိမ့်မယ်လို့ ပြောပါတယ်။

“ဟုတ်ပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ကို ကျနော်တို့လက်ခံပါတယ်။ ဒါပေမယ့် ရည်ရွယ်ချက် ကတော့ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ တည်ဆောက်ဖို့ပါ။ ဒီထက် လျှော့လို့မရပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက အမှန်တရားကို လက်ခံမှ ကျနော်တို့ ရှေ့ဆက်လို့ ရမှာဖြစ်လို့ပါ။ ကမ္ဘေဒီးယားကို နှစ်ပေါင်း ၃၄ နှစ် အုပ်ချုပ်ပြီးတဲ့ အချိန်မှာ ဒီရွေးကောက်ပွဲကို ရှုံးခဲ့တယ်ဆိုတာနဲ့ ကမ္ဘောဒီးယားမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတာပါပဲ။”

အမှန်တရားကို ရအောင်ကြိုးစားနေတဲ့ အချက်မှာ ကမ္ဘောဒီယား အမျိုးသားကယ်တင်ရေး ပါတီက လွှတ်တော်အမတ်နေရာ ၁၂၃ နေရာမှာ ၆၃ နေရာ အနိုင်ရခဲ့တယ်လို့ ပြောနေပါတယ်။ ခင်ဗျားတို့ရဲ့ စာရင်းဇယားတွေကို ဘယ်ပေါ်မှာ အခြေခံထားသလဲ၊ ဘာသက်သေ အထောက်အထားရှိသလဲ။

“ကျနော်တို့က တတိုင်းပြည်လုံးက သတင်းအချက်အလက်နဲ့ များပြားလှတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လေ့လာသူတွေဆီက ပြစ်တင်ရှုံချနေတဲ့မူမမှန်မှုတွေကို စုဆောင်းယူခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ ၀ါရှင်တန်အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့လို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဆီကပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအပေါ် ကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစား ခဲ့တာတွေကိုရောပေါ့ဗျာ။ အာဏာရပါတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ကိုင်တွယ် ထိန်းချုပ်မှုတွေရှိပေမယ့် အတိုက်အခံတွေကတော့ အဲဒါကို လိုလားနေကြဆဲပါပဲ။ ဒီတော့ တကယ့်သမိုင်းဝင်ကိစ္စပေါ့ဗျာ။ ဒါတွေကို ဖုံးကွယ်ထားလို့မရပါဘူး။ ကမ္ဘောဒီးယားပြည်သူ တွေရဲ့ အောင်ပွဲကိုဘယ်သူမှ ခိုးယူလို့ မရပါဘူး။”

ခင်ဗျားက အောင်ပွဲကို ခိုးယူတာနဲ့ ပတ်သက်ပြီးပြောနေတာကိုး။ ဒါပေမယ့် ခင်ဗျားတို့ တကယ်ပဲ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုတာကို မကြေညာခင်မှာ တရားဝင်ရလဒ်တွေ ထုတ်ပြန်တာကို မစောင့်သင့်ဘူးလား။

“တိတိကျကျပြောရရင် အာဏာရပါတီက စုံစမ်းစစ်ဆေးဖို့ ဒီကော်မတီနဲ့ ပူးပေါင်းမှရမယ်လို့ လက်ခံလာပါပြီ။ ဒီတော့ ကျနော်တို့ အဆင်သင့်ရှိနေပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ နိဂုံးကောက်ချက်ကို ကျနော်တို့ လိုက်နာရပါမယ်။ အာဏာရပါတီကလည်း အဲဒီလိုပဲ လုပ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီမတိုင်ခင်က ၀န်ကြီးချုပ်ဟွန်ဆင်ရဲ့ဟာသပြက်လုံးကို ကြားပြီးမှာပါ။ သူက ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီက နိုင်တယ်ဆိုတာက အရေးမကြီးပါဘူး။ အရေးကြီးတာက နိုင်ငံ စုစည်းညီညွတ်ဖို့ပါလို့ ပြောခဲ့ပါတယ်။ ကျနော်တွေ့ရသလောက်ကတော့ သူက အတော်ကြီး  သင့်မြတ်ချင်တဲ့ သဘောထား ရှိပါတယ်။ ဒီတော့ ခင်ဗျားက ဆွေးနွေးပွဲမှာ ဘာတွေတင်ပြမှာလဲ၊ ၀န်ကြီးချုပ်ဟွန်ဆင်အတွက် ဘာအကြံပေးချင်တာတွေ ရှိသလဲ။

“ကျနော်က ၀န်ကြီးချုပ်နဲ့ အနှစ် ၂၀ လောက် ဆက်ဆံလာခဲ့တာပါ။ အရေးကြီးတာက လုပ်ရပ်ပါ။ စကားလုံးတွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော်တို့ သတိကြီးကြီး ထားရမယ်ဗျ။ ကျနော်တို့က နိုင်ငံတကာလူ့အဖွဲ့အစည်းတွေကို အသိသက်သေဖြစ်စေချင်တယ်။ ကုလသမဂ္ဂကို ဒိုင်လူကြီး ဖြစ်စေချင်တယ်လေ။”

တချို့ ကမ္ဘောဒီးယားတွေက အနှောင့်အယှက်ဖြစ်ရမယ့်အစား လွှတ်တော်ထဲမှာ ယုံကြည်ရတဲ့ အတိုက်အခံဖြစ်အောင် လုပ်သင့်တယ်။ အစိုးရကို ရိုးရိုးသားသားလုပ်လာအောင် ထိန်းပေးဖို့ အရေအတွက်အရလည်း ရှိနေပြီပဲလို့ ပြောနေကြတယ်။ အဲဒီလမ်းကို ဘာလို့ မလိုက်တာလဲ။

“ဒါပေမယ့် အမှန်တရားကို အခြေခံ၊ စိတ်ဆန္ဒတွေကို အခြေခံ၊ ကမ္ဘောဒီးယားတွေရဲ့ တကယ့်စိတ်ဆန္ဒကို အခြေခံပြီးပေါ့ဗျာ။ အခု အတိုက်အခံ၊ အတိုက်အခံဖြစ်ခဲ့တဲ့သူတွေက အာဏာရ ပါတီဖြစ်သင့်ပြီ။ အာဏာရပါတီဖြစ်ခဲ့သူတွေကလည်း အတိုက်အခံဖြစ်သင်ြ့ပီပေါ့ဗျာ။ အာဏာရပါတီက တိုင်းပြည်ကို တသက်လုံး အုပ်ချုပ်သွားရမယ်ဆိုတာကတော့ ဘယ်လက်ခံလို့ ရမှာလဲ။ ကမ္ဘာတ၀ှမ်းလုံးမှာ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့အချိန်မှာ ကမ္ဘောဒီးယားက ဘာလို့မဖြစ်ရမှာလဲ။ ကမ္ဘောဒီးယားပြည်သူတွေလည်း လွတ်လပ်မှုနဲ့ လေးစားမှုကို ခံယူထိုက်တယ်လို့ ကျနော်ထင်တယ်လေ။”၀န်ကြီးချုပ်ဟွန်ဆင်နဲ့ တွေ့ဖို့ အချိန်သတ်မှတ်ထားတာရော ရှိလား။ သူနဲ့ဘယ်အချိန်မှာစပြီး တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ ထင်ပါသလဲ။“မကြာခင်လေးမှာပါ။ ဒါပေမယ့် အမြန်ဆုံးလုပ်ရမယ့်ကိစ္စက ဒီစုံစမ်းစစ်ဆေးရေး ကော်မတီကို ဖွဲ့ပေးဖို့ပါ။ ဒါကြောင့် မစ္စတာဟွန်ဆင်နဲ့ သူ့ရဲ့အာဏာရပါတီက ဒီကော်မတီနဲ့ ပူးပေါင်းဖို့ လက်ခံလိုက်တာကို ကျနော် ၀မ်းသာပါတယ်။ ကျနော်တို့က နောက်နာရီပိုင်းအတွင်းမှာ အဲဒါကို အတည်ပြုပေးမှာပါ။ အဲဒီကော်မတီက အမြန်ဆုံးအလုပ်စနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ဗျာ။”

အသေးစိတ် ပြောစရာရှိပါသေးသလား။ ဒီ အမျိုးသားနှစ်အုပ်စုလုံးပါတဲ့ ကော်မတီမှာ ဘယ်သူတွေ ပါဝင်သင့်တယ် ထင်ပါသလဲ။

“မစ္စတာဟွန်ဆင်က သူရဲ့ ပါတီ အထွေထွေအတွင်းရေးမှူးလို အကြီးတန်း အရာရှိတွေ၊ အရင်ကွန်မြူနစ်ပါတီနဲ့ နောက်ဒုတိယ၀န်ကြီးချုပ်ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးတွေပါမယ်လို့ ကြိုတင် အချက်ပြထားပြီးပါပြီ။ အတိုက်အခံတွေအနေနဲ့ကလည်း ကျနော်တို့ပါတီက အဆင့်အမြင့်ဆုံး အရာရှိတွေကို စေလွှတ်ပေးမှာပါ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013