DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်၏ ရပ်ကွက် ကျောက်မြောင်း မဂ္ဂင်လမ်း မဲရုံ အမှတ် ၃ မြင်ကွင်း (ဓာတ်ပုံ) 
DVB
·
November 8, 2020
သမ္မတဦးဝင်းမြင့်၏ ရပ်ကွက် ကျောက်မြောင်း မဂ္ဂင်လမ်း မဲရုံ အမှတ် ၃ မြင်ကွင်း (ဓာတ်ပုံ) 
1 / 6
Donate to DVB

သမ္မတဦးဝင်းမြင့် နေထိုင်ခဲ့တဲ့ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်း မဂ္ဂင်လမ်း မဲရုံအမှတ် ၃ မှာ  ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူတွေ ဒီကနေ့ နိုဝင်ဘာလ ၈ ရက်နေ့မနက်မှာ လာရောက် မဲပေးနေကြပါတယ်။

 အဆိုပါမဲရုံမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၁၂၀၀ ဝန်းကျင်ရှိပြီး အသက် ၆၀ ကျော်အရွယ် ကြိုတင်မဲပေးပြီးသူကလည်း ၁၂၀၀ ကျော်လောက်ရှိတယ်လို့ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူကပြောပါတယ်။ 

သမ္မတဦးဝင်းမြင့်ကတော့ အောက်တိုဘာ ၂၉ ရက် မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ မိသားစုဟာ သမ္မတတာဝန်မယူခင်က ကျောက်မြောင်း မဂ္ဂင်လမ်းမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013