DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံက ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ဖြင့် တနိုင်ငံလုံးကူးစက်မှု အမြင့်ဆုံးဖြစ်
DVB
·
November 8, 2020
မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံက ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ဖြင့် တနိုင်ငံလုံးကူးစက်မှု အမြင့်ဆုံးဖြစ်
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၂ ခုရှိလာခဲ့ပြီဖြစ်ပြီး အဲဒီမြို့နယ်တွေက ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေ ဖြစ်ကြပါတယ်။

လတ်တလောအချိန်ထိ မြောက်ဥက္ကလာပမြို့နယ်မှာ ပိုးတွေ့လူနာ ၃,၂၀၃ ယောက်နဲ့ မင်္ဂလာဒုံမြို့နယ်မှာ ၃,၀၃၉ ယောက်စီ ရှိနေပြီး အဲဒီမြို့နယ် ၂ ခုနောက်မှာတော့ လှိုင် သာယာမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၇၉၇ ယောက်၊ ၂,၆၃၆ ယောက်၊ ၂,၅၃၇ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၆၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၇ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၆၀,၉၄၈ ယောက်ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁,၃၉၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၄၄,၆၆၆ ယောက် ရှိနေပါတယ်။

လတ်တလော ကိုဗစ်-၁၉ ပိုးတွေ့လူနာဦးရေအများဆုံးမြို့နယ် ၅ ခုရဲ့ နောက်မှာတော့ ရန်ကုန်တိုင်း မြို့နယ်တွေဖြစ်ကြတဲ့ မရမ်းကုန်း၊ လှိုင်၊ ရွှေပြည်သာ တာမွေနဲ့ သန် လျင်မြို့နယ်တွေက လူနာအရေအတွက် ၁,၈၇၉ ယောက်၊ ၁,၇၆၁ ယောက်၊ ၁,၆၄၆ ယောက်၊ ၁,၆၁၈ ယောက်၊ ၁,၆၁၂ ယောက်စီနဲ့ ကူးစက်ခံရမှုအများဆုံး ၁၀ မြို့နယ်အနေနဲ့ အသီးသီးရှိနေကြတာ ဖြစ်ပါတယ်။

တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၇၀ ယောက်နဲ့ ရောဂါကူးစက်ခံရမှုအများဆုံးအဆင့် ၁၄ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၄၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ အဲဒီနောက်မှာတော့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၃၀၀၀ ကျော်နဲ့ ရခိုင်ပြည်နယ်က ပိုးတွေ့လူနာ ၃,၀၀၀ နီးပါးနဲ့ ရှိနေကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းသန်း ၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၂ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013