
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှာ တရားမဝင် ခိုးဖွင့်ထားတဲ့ The Myst Bar & Lounge Yangon နိုက်ကလပ်ကို ဒီမနက်အစောပိုင်းမှာ ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောပါတယ်။
အဲဒီခိုးဖွင့်ထားတဲ့ ကလပ်ကို လာရောက်သူတွေထဲမှာ လူကြီးသားသမီးတွေ၊ အသိုင်းအဝိုင်းကြီးက လူတွေနဲ့ နိုင်ငံခြားသားတချို့ပါဝင်တယ်လို့ ဆိုပါတယ်။ လူကြီးသားသမီးတွေဟာ ဘယ်သူဘယ်ဝါဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
နိုက်ကလပ် ပိုင်ရှင်နဲ့ လာရောက်သူ စုစုပေါင်းအယောက် ၈၀ ကျော်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အမှုဖွင့်ထားတယ်လို့ ဗဟန်းလွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
သူတို့တွေကိုတော့ ဗဟန်းရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ ရဲစခန်းဘက်ကိုတော့ဆက်သွယ်လို့မရသေးပါဘူး။
ထက်ဝေအောင်











