
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်က မဲဆန္ဒရှင်တွေ မဲပေးနိုင်ဖို့ မဲရုံတွေကို ပြင်ဆင်ထားမှု မြင်ကွင်းများ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ နိုင်ငံရေးပါတီ ၁၃ ပါတီနဲ့ တစ်သီးပုဂ္ဂလ ၁၃ ဦးအပါအဝင် ကိုယ်စားလှယ်လောင်း ၂၇၂ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကယားပြည်နယ် တပြည်နယ်လုံးမှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူပေါင်း ၂၀၇,၂၆၇ ရှိပြီး အမျိုးသမီးမဲပေးပိုင်ခွင့်ရှိသူ ၁၀၅,၄၁၉ ဦးရှိတယ်လို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ရဲ ထုတ်ပြန်ချက်အရ သိရပါတယ်။










