DVB Logo
Home
သတင်းတို
ရေလွှမ်းမိုးမှုကြောင့် ၃ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံး
DVB
·
August 2, 2013
ရေလွှမ်းမိုးမှုကြောင့် ၃ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံး
Donate to DVB

ကရင်ပြည်နဲ့ မွန်ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေကြောင့် ၃ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေသလို  ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း ဩဂုတ် ၁ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

[caption id="attachment_42039" align="alignright" width="300" caption="လှိုင်းဘွဲ့မြို့ ရေးကြီးစဉ် (ဓာတ်ပုံ – Nandakyawthu Soe / Facebook)"][/caption]

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နဲ့  ကမမောင်းမြို့နယ်ခွဲတို့မှာ အိမ်ထောင်စုပေါင်း ၆၇၃၃ စု  လူ ၃ သောင်းခွဲနီးပါး ရေဘေးကြုံရတဲ့အတွက် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေတယ်လို့လည်း ဖော်ပြထားပါတယ်။  ရေလွှမ်းမိုးမှုကြောင့် သင်္ကန်း ညီနောင်-ကော့ကရိတ်ကားလမ်းမှာ တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု ၁ နေရာ၊ ခေတ္တပိတ်ထားရတဲ့ စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်းရေနစ်မြုပ်မှု ၃၀၉၀၇ ဧကရှိကြောင်း ဖော်ပြသည်။

အလားတူ မွန်ပြည်နယ် ကျိုက်မရောနဲ့ ရေးမြို့နယ်တို့မှာလည်း  ရေလွှမ်းမိုးမှုကြောင့် အိမ်ထောင်စု ၁၀၅၀ စုမှ လူ ၅ ထောင်နီးပါး ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ်ကူညီခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013