DVB Logo
Home
မြန်မာသတင်း
၆၅ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား အကျဉ်းရုံးကျင်းပ
DVB
·
November 7, 2020
၆၅ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား အကျဉ်းရုံးကျင်းပ
Donate to DVB

ကိုဗစ်-၁၉ ကြောင့် ၆၅ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် မနက် ၇ နာရီက ဘားအံမြို့ ၊ ကရင်ပြည်နယ်အစိုးရရုံးရှေ့ မြက်ခင်းပြင်မှာ အကျဉ်းရုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ နက ထုတ်ပြန်တဲ့ ညွန့်ကြားချက်နဲ့အညီ အကျဉ်းရုံး ကျင်းပဆောင်ရွက်ခဲ့သလို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းခိုင်ဝင်သန်း တက်ရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က “နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးအတွက် အဓိကလိုအပ်နေတာကတော့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်ပြီး နိုင်ငံတော်အစိုးရနဲ့အတူ တိုင်းရင်းသားပြည်သူတရပ်လုံးက လက်တွဲ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာ မလွဲ ဧကန်ဖြစ်တယ်”လို့ ပြောပါတယ်။

အတိတ်သင်ခန်းစာတွေကို ရယူပြီး တဦးနဲ့တဦး သံသယစိတ်မထားဘဲ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်တွေကို တွဲလက်ညီညီနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ မြင်တွေ့နေရပြီး လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးခရီးလမ်းကို တွဲလက်ခိုင်မြဲကာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်လက် လက်တွဲ ပူးပေါင်းပါဝင်‌ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို အလေးပြုတာ၊ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်းခေါင်းဆောင်ကြီးတွေနဲ့ ရဲဘော်အပေါင်းတို့ကို အလေးပြုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌက အမှာစကားပြောကြားပြီး နိုင်ငံတော်သမ္မတထံကပေးပိုးတဲ့ သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ကြီးက ဖတ်ကြားခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ညွန့်ကြားချက်အတိုင်း ၆၅ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲ၊ ဌာနဆိုင်ရာပြခန်းတွေ၊ ဈေးရောင်းပွဲတော်၊ ပျော်ပွဲရွှင်ပွဲ၊ စင်တင်တေးဂီတဖြေဖျော်ပွဲတွေကို ကိုဗစ်-၁၉ ရောဂါကြောင့် ထည့်သွင်းကျင်းပတာတွေ မပြုလုပ်ခဲ့ပါဘူး။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013