DVB Logo
Home
မြန်မာသတင်း
တကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံပြည့် အစုံ ၂၄၀၀၀၀ မြန်မာကို တရုတ်လှူဒါန်း
DVB
·
November 7, 2020
တကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံပြည့် အစုံ ၂၄၀၀၀၀ မြန်မာကို တရုတ်လှူဒါန်း
Donate to DVB

တရုတ်နိုင်ငံဟာ တကိုယ်ရည်သုံး ကာကွယ်ရေးဝတ်စုံပြည့်အစုံ ၂၄၀၀၀၀ မြန်မာနိုင်ငံကို မနေ့က လှူဒါန်းပြီး ကိုဗစ်ကာလအတွင်းမှာ အမေရိကန်ဒေါ်လာ သိန်း ၆၀ လောက်လ လှူဒါန်းခဲ့ပါတယ်။

မနေ့ညနေပိုင်းက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာသုံးဖို့ တရုတ်နိုင်ငံက ဆေးပစ္စည်းကိရိယာတွေ လှူဒါန်းပေးအပ်တဲ့ အခမ်းအနားကို Videoconferencing စနစ်နဲ့ တက်ရောက်ခဲ့တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး  ဒေါက်တာမြင့်ထွေးက ပြောတာပါ။

တရုတ်နိုင်ငံဟာ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ (influenza A (H1N1)) ကူးစက်ပျံ့နှံ့ခဲ့တုန်းကလည်း ရောဂါကာကွယ်ရေးပစ္စည်းတွေ၊ ဆေးနဲ့ ဆေးပစ္စည်းအများကြီး ပံ့ပိုးခဲ့တာကို ဝန်ကြီးဌာနက ကျေးဇူးတင်ရှိ မှတ်တမ်းတင်တယ်လို့ ဝန်ကြီးက ပြောပါတယ်။

အခု ကိုဗစ်-၁၉ ဖြစ်ချိန်မှာလည်း တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၅၉ သိန်းကျော်၊ ကုမ္ပဏီနဲ့ လူမှုအဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၈၉၀၀၀၀ ကျော်၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈ သိန်းကျော် တန်ဖိုးရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်းကိရိယာတွေ ပံ့ပိုးပေးအပ်ခဲ့တဲ့အပြင် ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့တွေ စေလွှတ်ပြီး ရောဂါကာကွယ်ထိန်းချုပ်မှု အတွေ့အကြုံတွေ ဝေမျှတာ၊ အကြံပြုတာတွေအတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) ကို အမြန်ဆုံး စတင်တည်ဆောက်နိုင်ရေး ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ကလည်း မြန်မာနဲ့ တရုတ်တို့ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ရာမှာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတုန်းက မြန်မာနိုင်ငံက မိတ်ဆွေကောင်းပီပီသသ ပံ့ပိုးကူညီခဲ့သလို မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ချိန်မှာလည်း တရုတ်နိုင်ငံက အပြန်အလှန် ပံ့ပိုးတာလို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ အမေရိကန်ဒေါ်လာ ၆ သိန်းတန်ဖိုးရှိတဲ့ အားကစားပစ္စည်းတွေကိုလည်း မနေ့က ပေးအပ်လှူဒါန်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013