DVB Logo
Home
မြန်မာသတင်း
ကယားလွှတ်တော်ဥက္ကဋ္ဌကို ထောက်ခံဝန်;ရံသူများ စီတန်းလှည့်လည်
DVB
·
November 6, 2020
ကယားလွှတ်တော်ဥက္ကဋ္ဌကို ထောက်ခံဝန်;ရံသူများ စီတန်းလှည့်လည်
1 / 8
Donate to DVB

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကို ထောက်ခံဝန်ရံသူတွေက ရှားတောမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့က မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဦးလှထွေးဟာ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ ၂  တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီပါတီက ဒေါ်နော်ဆဲဂေထူး၊ KySDP ကစိုင်းအုန်းမြင့်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်ခင်မာဝင်း၊ UBP ပါတီက ဦးအောင်စိုးနဲ့ NDF ပါတီက ဦးမောင်မောင်သန့်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဦးလှထွေးဟာ  ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဆိုပါ မဲဆန္ဒနယ်မြေမှာပဲ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်အနေနဲ့ အနိုင်ရခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင်  မဲခွဲဆုံးဖြတ်ပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ သမ္မတက ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ  ရပ်ဆိုင်းခဲ့ပါတယ်။ ဒီပေါ်မှာ ပြည်နယ်လူထုတွေက ဦးလှထွေးကို ဝေဖန်မှုတွေရှိနေသလို ထောက်ခံသူတွေလည်း ရှိခဲ့ပါတယ်။

ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၃၂ ဦး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- SEIN WIN

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013