DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်းကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉ သန်းကျော်ရှိ၊ အမေရိကန်တွင် ၁၀ သန်းနီးပါး ကူးစက်ခံရ
DVB
·
November 6, 2020
ကမ္ဘာတဝန်းကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉ သန်းကျော်ရှိ၊ အမေရိကန်တွင် ၁၀ သန်းနီးပါး ကူးစက်ခံရ
Donate to DVB

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၄၉ သန်းကျော်နဲ့ သေဆုံးသူ ၁ ဒသမ ၂ သန်း ကျော်ရှိလာခဲ့ပြီဖြစ်ကာ အမေရိကန်နိုင်ငံမှာ ၁၀ သန်းနီးပါး ရောဂါကူးစက်ခံထားရတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၂၄၀,၉၅၃ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၂၅,၀၂၉ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၁၆၁,၇၇၉ ယောက်စီနဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ် တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးသူ ၂၉,၅၀၉ ယောက်၊ ပြင်သစ်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၃၉,၀၃၇ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၈,၄၈၆ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၂,၇၆၆ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၄၈,၁၂၀ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၁ သန်းကျော်နဲ့ သေဆုံးသူ ၃၂,၂၀၉ ယောက်စီနဲ့ ရပ်တည်နေပါတယ်။

ဒါကြောင့်မို့ လတ်တလောအချိန်ထိ ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၁၅၁ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၅၉ နေရာထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူ ဦးရေ ၆၅၄,၉၃၆ ယောက်၊ ၄၈၉,၅၇၁ ယောက်၊ ၄၂၅,၇၉၆ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၁၆,၀၀၆ ယောက်နဲ့ သေဆုံးသူ ၆,၀၂၁ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၃၈၉,၇၂၅ ယောက်နဲ့ သေဆုံးသူ ၇,၄၀၉ ယောက်နဲ့ ဒုတိ ယနေရာမှာ ရှိနေခဲ့ပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၀၄၃ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၅ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၇,၉၃၅ ယောက်၊ သေဆုံးသူ ၁,၃၅၂ ယောက်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၃၆,၄၃၄ ယောက်နဲ့ သေဆုံးသူ ၂၇၇ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၁၈ ယောက်နဲ့ သေဆုံးသူ ၆၀ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၂၀၇ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာပဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၉၂ ယောက်နဲ့ ၂၄ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ရောဂါပြန်လည်ပျောက်ကင်း လာသူ အရေအတွက်ကတော့ ၃၄ ဒသမ ၉ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကမ္ဘာတဝန်းကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉ သန်းကျော်ရှိ၊ အမေရိကန်တွင် ၁၀ သန်းနီးပါး ကူးစက်ခံရ