DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်၌ UEC အမှတ်တံဆိပ်မပါသည့် ကြိုတင်မဲလက်မှတ်များကို မဲအသစ်ပြန်ပေးခိုင်း
DVB
·
November 6, 2020
ပေါင်မြို့နယ်၌ UEC အမှတ်တံဆိပ်မပါသည့် ကြိုတင်မဲလက်မှတ်များကို မဲအသစ်ပြန်ပေးခိုင်း
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာရှိ မဲရုံ အမှတ် ၁ မှာ UEC အမှတ်အသားမပါဘဲ တံဆိပ်တုံးထုခဲ့တဲ့ ကြိုတင်မဲလက်မှတ်ကိစ္စနဲ့ပတ်သက်လို့ နိုဝင်ဘာ ၅ ရက်နေ့က ပယ်မဲအဖြစ် သတ်မှတ်ကာ မဲအသစ်ပြန်ပေးခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကတာဝန်ရှိသူတွေနဲ့ ဌာနဆိုင်ရာတွေပါဝင်တဲ့ မြို့နယ်စေ့စပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးမှာ တက်ရောက်သူ ၂၇ ဦး ရှိတဲ့အနက် အစည်းအဝေးတက်ရောက်သူ ၂၆  ဦးက UEC အမှတ်အသားမပါဘဲ တံဆိပ်တုံးထုခဲ့တဲ့ မဲလက်မှတ်တွေကို ပယ်မဲအဖြစ်သတ်မှတ်ကာ မဲအသစ်ပြန်ပေးဖို့ကို ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။

ပေါင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဖွဲ့ဝင် ၁ ဦးတင်ထွန်းက "အင်းဗြောင်ကျေးရွာက မဲရုံ အမှတ် ၁မှာ UEC အမှတ်အသားမပါဘဲ တံဆိပ်တုံးထုခဲ့တဲ့ မဲလက်မှတ်ကိစ္စနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေနဲ့ အဲ့ဒီရွာကို သွားရောက်ပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ ကန့်ကွက်သူက တစ်ယောက်ပဲရှိပြီး ကျန်တဲ့ ၂၆ ယောက်က ထောက်ခံခဲ့တာပါ။ ဆန္ဒမဲပေးခဲ့တဲ့ မဲဆန္ဒရှင် ၂၃ ယောက်လုံးကို ကိုယ်တိုင်သွားကြို မဲပြန်ပေးခိုင်းပြီး ကိုယ်တိုင်ပြန်ပို့ခဲ့ပါတယ်"လို့ ပြောပါတယ်။

အင်းဗြောင်ကျေးရွာမှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲစတင်ပေးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့ထိ မဲရုံအမှတ်(၁) မှာ မဲလာပေးသူ ၂၉ ယောက်ရှိခဲ့ရာမှာ  ၂၃ ယောက်မြောက်အထိ UEC အမှတ်မသားမပါတဲ့ တံဆိပ်တုံးနဲ့ ကြိုတင်မဲပေးခဲ့ကြရတာပါ။ 

အင်းဗြောင်းကျေးရွာအုပ်စု မဲရုံ (၂)ရုံအတွက် ဆန္ဒမဲပေးရာမှာတော့ အသုံးပြုဖို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက UEC တံဆိပ်ပါ တံဆိပ်တုံး အစစ် ၁၅ တုံးကို ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ ခွဲဝေပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်းဗြောင်မဲရုံ အမှတ်(၁)မှာ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးအတု ပြဿနာတက်ချိန် ပြန်လည်စိစစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်ကို ထုတ်ပေးထားတဲ့ UEC တံဆိပ်ပါ တံဆိပ်တုံးအစစ် ၁၅ တုံးမှာ ရှိနေပြီး UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးအတု တစ်ခု ပိုနေတာကို စိစစ်တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်မှာ အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင် ၂၇,၀၄၉ ယောက်ရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကြိုတင်မဲပေးခဲ့ကြတာဖြစ်ပါတယ်။  

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013